Thursday, 21 June 2018 03:03

Chief Minister of Yangon Region

    မြန်မာလုပ်ငန်းရှင် ဆုပေးပွဲ ကော်မတီနဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးသိန်းတို့ ဇွန်လ(၁၉)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာ တွေ့ဆုံကြပြီး မြန်မာ့လုပ်ငန်းရှင်များ ဆုပေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်နဲ့ ရှေ့ဆက်လုပ်ကိုင် ရမည်များကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
    ယင်းကဲ့သို့ တွေ့ဆုံစဉ်မှာ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံရဲ့ လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု ဖွံ့ဖြိုးရေးနဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုးရေးအတွက် အထောက်အကူ များစွာပေးနိုင်တဲ့ မြန်မာ့လုပ်ငန်းရှင် ဆုပေးပွဲကဲ့သို့ အစီအစဉ်များစွာ ပေါ်ပေါက်လာခြင်းကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။
    "ကျနော်တို့ နိုင်ငံအတွင်းမှာ ဒီလိုအစီအစဉ်မျိုး ရှိတာ ကောင်းပါတယ်။ ယှဉ်ပြိုင်လိုစိတ်ရှိတာနဲ့ သူတို့ရဲ့ ပြုပြင်ပြောင်းလဲမှုက ပိုမိုအရှိန်ရလာမယ်။ မြန်မာနိုင်ငံရဲ့ အလုပ်ရှင်ကဏ္ဍ ဖွံဖြိုးရေးနဲ့ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးရေး အတွက် အများကြီး အထောက်အကူပြုပါတယ်။" လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

2017 MEA 2
    လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု ဆိုင်ရာ အလေ့အထကောင်းတွေ ဖြစ်ထွန်း ပေါ်ပေါက်လာရေးအတွက် ရည်ရွယ်ပြီး မြန်မာ့လုပ်ငန်းရှင်များ ဆုပေးပွဲ Myanmar Employer Awardsကို ၂၀၁၇ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး ယခုနှစ် နိုဝင်ဘာလ မှာလည်း ဆက်လက်ကျင်းပမှာ ဖြစ်တယ်လို့ မြန်မာ့လုပ်ငန်းရှင်များ ဆုပေးပွဲကို အဓိကပံ့ပိုးလျက်ရှိတဲ့ Jobnet.com.mm ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ Mr.Matt De Luca က ပြောပါတယ်။
    “မြန်မာ့လုပ်ငန်းရှင် ဆုပေးပွဲဟာ ကျနော်တို့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းခွင်ဝန်းကျင်၊ လုပ်ငန်းခွင် ယဉ်ကျေးမှု စတာတွေ အပါအဝင် လူ့စွမ်းအားအရင်း အမြစ်ဆိုင်ရာ အကောင်းဆုံး အလေ့အထတွေ ထွက်ပေါ်လာအောင် အားစိုက်ဆောင်ရွက်နေမှုနဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြု ပံ့ပိုးပေးနိုင်ဖို့ အတွက် ရည်ရွယ်ပြု လုပ်တာ ဖြစ်ပါတယ်။” လို့ အုပ်ချုပ်မှု ဒါရိုက်တာ Matt က ပြောပါတယ်။
    ၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့တဲ့ မြန်မာ့လုပ်ငန်းရှင် ဆုပေးပွဲမှာ ကုမ္ပဏီပေါင်း ၁၂၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်မှာလည်း ကုမ္ပဏီပေါင်း ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

Read more about business article here


Read times
Rate :
(0 votes)

1 comment

  • Hisako Dimarzio
    Comment Link

    Mrs. Fister, this code is your next piece of info. Please contact the agency at your convenience. No further information until next transmission. This is broadcast #6777. Do not delete.

    Friday, 20 September 2019 09:48 posted by Hisako Dimarzio
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.