Monday, 18 June 2018 09:21

Image 1

       ကမ္ဘောဇဘဏ်အနေနဲ့ ဘဏ်ခွဲကောင်တာတွေမှာ ငွေလွှဲပို့မှု အနည်းဆုံး ကောက်ခံတဲ့ ဝန်ဆောင်ခကို ၂၀၁၈ခုနှစ် ဇူလိုင်လ ၁ရက်နေ့က စတင်ပြီး မြန်မာကျပ်ငွေ (၅၀၀) သို့ ပြောင်းလဲသွားမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန် လိုက်ပါတယ်။ အခြားသော ငွေလွှဲခ နှုန်းထားတွေကတော့ ယခင်အတိုင်းသာ ရှိမှာဖြစ်ပြီး အနိမ့်ဆုံး ကောက်ခံမယ့် ဝန်ဆောင်ခသာ ပြောင်းလဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
       ကမ္ဘောဇဘဏ် လီမိတက်အနေနဲ့ ၎င်းရဲ့ ပြည်တွင်းငွေလွှဲ ဝန်ဆောင်မှုအတွက် လက်ရှိ သုံးစွဲလျက်ရှိတဲ့ ဒစ်ဂျစ်တယ် နည်းစနစ်ကို အဆင့်မြှင့်တင် ပြောင်းလဲဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ ယင်းကြေညာချက်နဲ့ အညီ ကမ္ဘောဇဘဏ်အနေနဲ့ သုံးစွဲသူတွေအတွက် ပိုမို အဆင့်မြင့်မားတဲ့ ဒစ်ဂျစ်တယ် နည်းစနစ်ကို ပြောင်းလဲခြင်း အပါအဝင် ပိုမိုလွယ်ကူ လျင်မြန်ကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ ပြည်တွင်းငွေလွှဲခြင်းတွေကို တိုးမြှင့် အလေးထား ဝန်ဆောင်မှုပေးလိုက်တာပဲ ဖြစ်ပါတယ်။
      “ပြည်တွင်းငွေလွှဲ ဝန်ဆောင်မှု နှုန်းထားတွေက လွန်ခဲ့တဲ့ (၇) နှစ် အတွင်းမှာ ပြောင်းလဲမှု မရှိခဲ့ပါဘူး။ လက်ရှိ နှုန်းထားတွေကလည်း ခေတ်နဲ့လျော်ညီခြင်း မရှိတော့တဲ့အတွက် ဘဏ်အနေနဲ့ ရေရှည်ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းစေနိုင်ဖို့ အခုလိုပြင်ဆင်ရတာ ဖြစ်ပါတယ်။ အခုလို လုပ်ဆောင်ခြင်းဟာ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။” လို့ ကမ္ဘောဇဘဏ်ရဲ့ Head of Domestic Remittance ဖြစ်သူ ဦးပိုင်မင်းက ပြောပါတယ်။
      အဆင့်မြင့် KBZ iBanking ကို အသုံးပြုပြီး အခြားသူတွေရဲ့ ကမ္ဘောဇဘဏ် အကောင့်သို့ ငွေလွှဲပေးပို့တဲ့ ဝန်ဆောင်ခတွေ (Internal Transfer Fees) ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က စတင်ကာ ပြောင်းလဲ ကောက်ခံသွားမှာ ဖြစ်ပြီး မိမိရဲ့ ကိုယ်ပိုင်ဘဏ်ကောင့် တစ်ခုမှ တစ်ခုသို့ ငွေလွှဲခြင်း (Own Account Transfer) အတွက် ငွေလွှဲခ ကောက်ခံခြင်း လုံဝမရှိကြောင်း သိရပါတယ်။

Read more about business article here


Read times Last modified on Monday, 18 June 2018 09:33
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.