Published in Health & Beauty

ကိုယ့်သူငယ်ချင်းတွေထဲမှာ၊ ဒါမှမဟုတ် ကိုယ်ကိုယ် တိုင်က သူများတွေထက်ကြီးတဲ့ ရင်သားမျိုးကို ပိုင်ဆိုင်ထားသူဆိုရင် အဝတ်အစားရွေးချယ်ရာမှာ နည်းနည်းတော့ အခက်အခဲ ရှိနေနိုင်ပါတယ်။ ဘာလို့ လဲဆိုတော့ အွန်လိုင်းရှော့က မှာလိုက်ရင်လည်း ရင်သားနေရာက အဆင်မပြေ၊ ဟော.. . ရှော့ပင်းမောတွေ သွားဝယ်ရင်လည်း တစ်ထည် ရဖို့ အခေါက်ခေါက် အခါခါ ဆိုင်တွေထဲ ဝင်မွှေရတဲ့ ဘဝကိုး။ ဒီလိုပြဿနာ မျိုးဆို ရင်သားကြီးတဲ့ ပျိုမေ တွေ အမြဲကြုံရတဲ့ ဘယ်သူမှမသိတဲ့ ဒုက္ခ တစ်မျိုးပါ။ ဒီတော့ ခုပြောပြမယ့် အဝတ်အစား ၆ မျိုးလောက်သာ ချစ်တို့မှာရှိရင် ဒီပြဿနာတွေကို ဖြေရှင်းပြီးသား ဖြစ်နေပါပြီနော်။ ရှေ့ကြယ်သမီးတပ်အင်္ကျီများ ရင်သားကြီးတဲ့ ပျိုမေတွေ မဖြစ်မနေ…

Published in Health & Beauty

ဖက်ရှင်နဲ့အလှအပကို ချစ်တတ်သူတွေအတွက် Myanmar Plaza Beauty Show   Myanmar Plaza Beauty Show ကိုတော့ စက်တင်ဘာလ ၁ရက်ကနေ ၁၀ရက်အထိ Myanmar Plaza မှာ ကျင်းပပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ဒီ Beauty Show လေးမှာ နာမည်ကျော် ဖက်ရှင်နဲ့ Cosmetic Brand တွေ အများကြီးရှိနေမှာပါ။ ပွဲကို လာရောက်မယ့် ပရိသတ်တွေအတွက် Promotion Voucher တွေ အများကြီး စီစဉ်ထားပြီး နာမည်ကျော်ဖက်ရှင် Stylist Yoko San နဲ့ နာမည်ကျော် Beauty Blogger PhyoDaybyDay တို့ပါ ပရိသတ်ကြီးနဲ့ အတူရှိပြီး…

Published in Health & Beauty

အမျိုးသမီးတွေမှာ အထိုင်များလို့ပဲဖြစ်ဖြစ် ၊ အစားအသောက်ကြောင့်ပဲဖြစ်ဖြစ် ဗိုက်ခေါက်ထူလာရင် အဝတ်အစားဝတ်ရတာ အဆင်မပြေတော့ပါဘူး။

နွေရာသီရောက်ပြီဟေ့ဆိုရင် ပျိုမေတော်တော်များများက ကာလာ အဖျော့လေးတွေ၊ အဖြူရောင်တွေကို အပူသက်သာစေဖို့ ရွေးချယ်ဝတ်ဆင်တတ်ကြတာ သဘာဝပါ။ ဘောင်းဘီဆိုရင်လည်း ဂျင်းကိုမှ အပြာတွေ၊ အနက်တွေချည်း များနေတဲ့အခါ ထူးထူး ခြားခြားလေးဖြစ်အောင် အဖြူရောင်ဝတ်မယ်ကွာ ဆိုပြီး ဝယ်တတ် ကြတယ်။ ဒါပေမယ့် အဲ့ဒီလို ဝယ်ပြီးကတည်းက ဘာမှဆက်ဖြစ် မလာတော့ဘူး။  ဒီလိုလူမျိုး ချစ်တို့အထဲမှာ ရှိလားရှင်။ ခုလိုသာ မေးရတယ် ရှိလားဆို မေသော်ကိုယ်တိုင်လည်း ရှိတယ် ဖြေရမှာပဲ။ မေသော်လည်း Ripped Jeans အဖြူလေး တစ်ထည်ဝယ်ပြီးမှ ဝတ် တော့မယ်ဆိုရင် အသားပဲမည်းသွားသလို၊ ဟိုအင်္ကျီနဲ့မလိုက်၊ ဒီတီရှပ်နဲ့ ဆို တစ်မျိုးဖြစ်သလို ခံစားနေရတာမို့ ပြန်ပြန်သိမ်းထားမိနေတယ် လေ။ ခုတော့ မဖြစ်တော့ဘူး…

Snare အဖွဲ့က ဟစ်ပ်ဟော့အဆိုတော် နေဝင်းက ဟစ်ပ်ဟော့ကာချာကို ကိုယ် စားပြုတဲ့ ဖက်ရှင်တွေ ဖန်တီးပြီး OMG (Oh My God) ဆိုတဲ့ဖက်ရှင်ဆိုင်ကိုဖွင့်လှစ်ထားပါတယ်။ အစပိုင်းမှာတော့ လူငယ် ကြိုက် ဟစ်ပ်ဟော့ဖက်ရှင်တွေကို အသား ပေးထုတ်လုပ်ခဲ့ပေမယ့် အခုခေတ်မှာ တော့ ခေတ်ရေစီးကြောင်း ပြောင်းလဲလာမှုနဲ့အတူ သူရဲ့ ဟစ်ပ်ဟော့ ကာချာတွေ လည်း အလိုက်အထိုက်တော့ ပြောင်းလဲရ တော့မှာပါ။  á€ťá€™á€”á€šá€™á€Źá€ˇá€šá€Ľá€šá€ąá€€á€şá€¸á€™á‚ˆá€€á€­á€Ż ထင်ဟပ်စေတဲ့ ဒီဇိုင်းတွေနဲ့ စတင်ခဲ့ပေမယ့် အခုအချိန် မှာ ဒီဇိုင်းအသစ်တွေကို  သူ့ရဲ့ ဒီဇိုင်းချစ် မြတ်နိုးသူတွေကို ချပြဖို့ ရှိနေပါတယ်။"ဒီဇိုင်းအသစ်တွေတော့ ထုတ်ထားတယ်။  တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် လည်း လေ့လာရပါတယ်။ မျိုးစုံပေါ့ဗျာ။ အရင်လို…

ဒီတစ်ပတ်တော့ မိုးလည်းကျလာပြီ ဆိုတော့ကာ မေထုန်ရာသီဖွားတွေနဲ့ အကိုက် ဖက်ရှင်ရွေးချယ်မှုလေးအကြောင်း ပြောပြပေးပါ့မယ်။မေထုန်ရာသီဖွားတွေကတော့ ဖက်ရှင်နဲ့ ပတ်သက်ပြီး ပုံစံတစ်ခုတည်းကို စွဲစွဲမြဲမြဲ ဝတ်ရတာမျိုး သိပ်သဘောမကျ ကြပါဘူး။ သူတို့ တွေဟာ သူတို့ရဲ့ စိတ်အခြေအနေပေါ် မူတည်ပြီး ဝတ်တတ်ကြပါတယ်။ မေထုန်ရာသီဖွားတွေရဲ့ အဝတ်ဗီရိုထဲမှာ သူတို့ဝယ်ပြီး တစ်ခါမှ မဝတ်ရသေးတဲ့ အင်္ကျီ အဝတ်အစားတွေ အမြဲတမ်း ရှိနေတတ်ပါတယ်။ ဒီရာသီဖွားတွေနဲ့ မိဿ ရာသီဖွားတွေနဲ့ ခြားနားချက်က မေထုန် ရာသီဖွားတွေဟာ ခုဘာခေတ်စားနေသလဲဆိုတာကို စိတ်ဝင်စားတတ်ပေမယ့် တစ်ခုခုဆို ရိုးသွားသလို ခံစားရတာမျိုး သိပ်မရှိတာပါပဲ။ တစ်ခုရှိတာက ကိုယ်ဝယ်တဲ့ အင်္ကျီ အဝတ်အစားတွေဟာ တံဆိပ်နဲ့ ငွေကြေးကို ကြည့်ပြီး ဝယ်တာမျိုးထက် ကိုယ့်စိတ်ခံစားချက်ပေါ်…

မင်္ဂလာပါ ချစ်တို့ရေ။ ခု မိုးလေးနည်းနည်းကျလာပြီဆိုတော့ အပြင်သွားတဲ့အခါ ဘယ်လိုဒီဇိုင်းမျိုးလေးတွေ ရွေးရမယ်ဆိုပြီး နည်းနည်းခေါင်းစားစရာဖြစ်လာပြီပေါ့။ အရမ်းရှည်တဲ့စကတ်တွေ၊ ဂါဝန်တွေ၊ လည်သာဖိနပ်အကောင်းစားတွေ စတာတွေကို ရှောင်ပြီး ချစ်တို့ ပြောင်းလဲရွေးချယ် ဝတ်ဆင်သင့်တဲ့အရာတွေ ရှိလာပြီနော်။ ဒီတော့ မိုးရာသီအတွက် ဖက်ရှင်နဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်လေးတွေ ကြည့်ကြရအောင်။ဖြစ်နိုင်ရင် ဒူးလောက်သာရှိတဲ့ ဂါဝန်တွေ၊ Dress တွေကို ဦးစားပေး ရွေးချယ် ဝတ်ဆင်ပါ။ သိပ်တို လွန်းတဲ့ စကတ်မျိုး၊ Dress မျိုးတွေကျတော့လည်း မိုးသည်းလို့ လေပါပါတယ်ဆိုရင် လန်ထွက်သွားတာမျိုးတွေ ရှိနိုင်ပါတယ်၊ ဒီတော့ အရှည် ဒူးလောက်ရှိတဲ့ Dress မျိုးတွေကို အသားသိပ်မပါးတာ (ဥပမာ စပန့်သားလို) မျိုး ရွေးနိုင်ရင် ပိုကောင်းပါတယ်။ ဂျင်းဆိုရင်…

အဖြူရောင်တီရှပ်၊ tee လေးတွေ ရွေးမယ်ဆိုရင် ကိုယ့်ရဲ့ခန္ဓာကိုယ် အချိုးအစားကို လိုက်ပြီး ဘယ်လိုရွေးချယ်ရမယ် ဆိုတာလေး ပြောပြပေးချင်ပါတယ်။တကယ်လို့များ သင်က ပခုံးကျဉ်းတဲ့သူဆိုရင် ...မှန်ထဲမှာ တစ်ချက်ကြည့်လိုက်ပါ။ ကိုယ့်ပခုံးက ကျယ်သလား၊ ကျဉ်းသလား ဆိုတာကို သိအောင်လုပ်ပြီး ပခုံးကျဉ်းတဲ့သူဆိုရင်တော့ ကိုယ်ဝတ်မယ့် tee လေးကို လည်ပင်းဝိုင်း အကျဉ်းလေး ရွေးချယ်သင့်ပါတယ်။ လည်ပင်းသိပ်ကျယ်တာ၊ ဟိုက်တာ လုံးဝ မရွေးသင့်ပါဘူးနော်။တကယ်လို့များ သင်က ပခုံးကျယ်တဲ့သူဆိုရင် ...သင့်ပခုံးက တခြားလူတွေထက် ကျယ်တယ်လို့ ခံစားရတယ်ဆိုရင်တော့ ကိုယ်ရွေးမယ့် tee t-shirt ကို လည်ပင်း ခပ်ကျယ်ကျယ်ပုံစံမျိုး ရွေးချယ်နိုင်ပါတယ်။တကယ်လို့များ သင်ရဲ့ရင်သားနေရာက ပြည့်တယ်၊ ကြီးတယ်ဆိုရင်...ရင်သားက ပြည့်ပြီး၊ ကြီးတယ်လို့ခံစားရရင် ရွေးချယ်စရာက တစ်မျိုးပါပဲ။…

ရိုးရာထည် နှစ်သက်သူတွေအတွက် အဆင်စုံ၊ ဒီဇိုင်းဆန်း ချည်ထည်လေးတွေ မြန်မာဆန်ပြီး လှပတဲ့ ဝတ်စုံလေးတွေဖြစ်တဲ့ တိုင်းရင်းသားရိုးရာ အဝတ်အထည်လေးတွေဟာ ဈေးကွက်အတွင်း ခေတ်စားနေပါတယ်။ ရိုးရာထည်လေးတွေ သီးသန့် ရောင်းတဲ့ဆိုင်တွေလည်း အတွေ့ရများ လာပါတယ်။ လတ်တလောမှာ မိန်းကလေးတွေ ဝတ်ဆင်တာ အများဆုံးကတော့ တိုင်းရင်းသား ရိုးရာချည်ထည်ကတော့ ကချင်နဲ့ ချင်းထည်တွေပဲ ဖြစ်ပါတယ်။ချင်းထည်အဆင်တွေဟာ အရောင်တွေ အမျိုးမျိုး ကွဲပြားပေမယ့် ပုံစံအဆင်ကတော့ အစင်းတွေပါတဲ့ ဒီဇိုင်းကိုပဲ အခြေခံထားတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ နည်းနည်းဆန်းသစ်လာတဲ့ ဒီဇိုင်းလေးတွေကို တွေ့ရပါတယ်။ ချိတ်ဒီဇိုင်းလေး တွေလည်း ထွက်လာပါသေးတယ်။  ခေတ်မီဆန်းပြားစွာ အလှဆင်မြန်းလိုတဲ့ အမျိုးသမီးတွေအတွက် ချင်းပြည်နယ်မှ တိုက်ရိုက်တင်သွင်းတဲ့ ရိုးရာချည်ထည်၊ ပွဲနေပွဲထိုင်ချိတ်နဲ့ ချင်းရိုးရာပဝါတွေကို ဒီဇိုင်းအမျိုးမျိုး…

ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်ရဲ့ FGM မိတ်ဆက်ခြင်းနဲ့ ဖက်ရှင်ပြပွဲဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်က အသစ်ထုတ်လုပ်ဖြန့်ချိမယ့် FGM (Fairy Godmother Metallic) မိတ်ဆက်ခြင်းနဲ့ ဖက်ရှင်ပြပွဲကိုတော့ လာမယ့် ဇူလိုင် ၁၅ရက် စနေနေ့မှာ ရန်ကုန်မြို့ Sule Shangri-La မှာ ကျင်းပပြုလုပ်မှာပဲ ဖြစ်ပါတယ်။ ဒီပွဲကိုတော့ FGM ကြိုက်နှစ်သက်သူတွေနဲ့ ဖက်ရှင်/အဝတ်အထည် စီးပွားရေးလုပ်ကိုင်နေသူ လုပ်ငန်းရှင်တွေပါ တက်ရောက်လို့ ရပါတယ်။ Sule Shangrila Ballroom မှာ ညနေ ၃ နာရီက စပြီး ပြုလုပ်မှာပါနော်။Discount နဲ့ လက်ဆောင်တွေပါ ပေးသွားမယ့် Genius ဆိုင်ဖွင့်ပွဲဒီတပတ် weekend အတွက် Genius ကျောက်မြောင်းဆိုင် ပြန်လည်ဖွင့်လှစ်မယ့်…

Page 1 of 2