Published in Events & Exhibitions

မြန်မာ့နံပါတ်(၁) မော်တော်ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ ဘတ်စ်ကားကြီးများနှင့် ကုန်တင်ယာဉ်ကြီးတို့အတွက် အပိုပစ္စည်းဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲကြီးကို သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းနှင့် သုမနလမ်းထောင့်ရှိ Myanmar Expo Hall တွင်ကျင်းပပြုလုပ်လျက်ရှိပါတယ်။

Published in Business

ဇွန်လမှ စတင်ပြီး ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရာတွင် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်နေပြီ ဖြစ်ကာ အခွန်တံဆိပ်ခေါင်း မကပ်ပေးပါက နီးစပ်ရာ အခွန်ရုံးများသို့ တိုင်ကြားနိုင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မင်္ဂလာပါချစ်တို့ရေ။ ဒီနေ့တော့ နိုင်ငံတကာမှာ ခေတ်စားနေတဲ့ အသည်းပုံနားကပ်လေးတွေ တပ်လာတဲ့ အကြောင်းလေး ပြောပြချင်ပါတယ်။ နားပေါက်ဖောက်ရတာ စိတ်ဝင်စားတဲ့သူတွေ၊ ဒါမှမဟုတ် နားကပ်ပိစိကွေးသေးလေးတွေ အများကြီးပန်ရတာ ကြိုက်တဲ့သူတွေကတော့ ဒီ trend ကို သဘောကျကြမယ်ထင်ပါတယ်။ မေသော်ကတော့ သဘောကျပေမယ့် ဖောက်ရမှာကြောက်သား။ ဒီလို အသည်းပုံနားကပ်လေးတွေ နားရဲ့ကိုယ်ကြိုက်တဲ့ နေရာမှာ ပန်ဆင်လာတဲ့ ရေစီးကြောင်းက instagram ကနေ စပြီး ဓာတ်ပုံလေးတွေ တင်ရာက စတယ်လို့ ဆိုရပါလိမ့်မယ်။ ဒါလေးကိုတော့ ဖက်ရှင်သတင်းအနေနဲ့ ရေးပေးတာပါနော်။ ဒီလိုမျိုးဖောက်ချင်တယ်ဆိုရင်လည်း တကယ်ကို တတ်သိနားလည် ပြီး နာမည်ကြီး piercing ဆိုင်တွေမှာသာ ဖောက်ကြဖို့ အကြံပြုချင်ပါတယ်ရှင်။ အချစ်တွေနဲ့မေမေသော် I am fashion…