Published in Business

 á€ťá€™á€”ယမဏအရိုးရဏမုနယ့မျိုးစလုကို ကမ္ဘာကသိအောင် ကြိုးစားနေတဲ့ 'တင့်တင့် မြန်မာ့ရိုးရာမုန့်မျိုးစုံ' ဆိုင်   Written by Myat Ko Naing   မြန်မာ့ရိုးရာမုန့်မျိုးစုံကိုတစ်နေရာထဲမှာရရှိနိုင်တာကတော့ ရန်ကင်းမြို့နယ်၊ ကြားမှတ်တိုင်နားမှာရှိတဲ့ 'တင့်တင့်'မြန်မာ့ရိုးရာမုန့်မျိုးစုံဆိုင်ပဲ ဖြစ်ပါတယ်။ မြန်မာ့အငွေ့အသက်လို့ ဆိုရမယ့် ကျေးလက်မြေစိုက်တဲဆိုင်ရှေ့မျက်နှာစာကို မြင်မိမယ်ဆိုရင်ပဲ စိတ်ချမ်းသာသလို ဖြစ်စေမှာပါ။ ကွန်ကရစ်တွေနဲ့ အခိုင်အမာဆောက်ထားတဲ့ ခေတ်ပေါ်တိုက်တာ အဆောက်အအုံတွေကြားမှာ ဒီလိုမျိုးသစ်၊၀ါး၊သက်ကယ်အစရှိတဲ့ မြန်မာ့ရိုးရာကျေးလက် အသုံးအဆောင်ပစ္စည်းတွေကို မြင်လိုက်ရတာဟာမျက်စိပသာဒလည်းတစ်မျိုးတစ်မည် ဖြစ်သွားမှာသေချာ ပါတယ်။ ဒီတဲလေးပေါ်မှာတော့ 'တင့်တင့် မြန်မာ့ရိုးရာမုန့်မျိုးစုံ'လို့ ဆိုင်းဘုတ်ချိတ်ထားပါတယ်။ တဲထဲမှာတော့ မုန့်ဗန်းတွေကို စားချင်စဖွယ် စနစ်တကျ ခင်းကျင်းထားပါတယ်။             '' ဒီဆိုင်လေးဖွင့်ဖြစ်တာကတော့ နှစ်လလောက်ရှိပါပြီ။ ဒါပေမဲ့ ဆိုင်မဖွင့်ခင် နှစ်…