ďťż
Friday, 04 March 2016 10:28

 á€ťá€™á€”ယမဏအရိုးရဏမုနယ့မျိုးစလုကို ကမ္ဘာကသိအောင် ကြိုးစားနေတဲ့ 'တင့်တင့် မြန်မာ့ရိုးရာမုန့်မျိုးစုံ' ဆိုင်

Tint Tint Myanmar Traditional Snacks1

 

Written by Myat Ko Naing

 

မြန်မာ့ရိုးရာမုန့်မျိုးစုံကိုတစ်နေရာထဲမှာရရှိနိုင်တာကတော့ ရန်ကင်းမြို့နယ်၊ ကြားမှတ်တိုင်နားမှာရှိတဲ့ 'တင့်တင့်'မြန်မာ့ရိုးရာမုန့်မျိုးစုံဆိုင်ပဲ ဖြစ်ပါတယ်။ မြန်မာ့အငွေ့အသက်လို့ ဆိုရမယ့် ကျေးလက်မြေစိုက်တဲဆိုင်ရှေ့မျက်နှာစာကို မြင်မိမယ်ဆိုရင်ပဲ စိတ်ချမ်းသာသလို ဖြစ်စေမှာပါ။ ကွန်ကရစ်တွေနဲ့ အခိုင်အမာဆောက်ထားတဲ့ ခေတ်ပေါ်တိုက်တာ အဆောက်အအုံတွေကြားမှာ ဒီလိုမျိုးသစ်၊၀ါး၊သက်ကယ်အစရှိတဲ့ မြန်မာ့ရိုးရာကျေးလက် အသုံးအဆောင်ပစ္စည်းတွေကို မြင်လိုက်ရတာဟာမျက်စိပသာဒလည်းတစ်မျိုးတစ်မည် ဖြစ်သွားမှာသေချာ ပါတယ်။ ဒီတဲလေးပေါ်မှာတော့ 'တင့်တင့် မြန်မာ့ရိုးရာမုန့်မျိုးစုံ'လို့ ဆိုင်းဘုတ်ချိတ်ထားပါတယ်။ တဲထဲမှာတော့ မုန့်ဗန်းတွေကို စားချင်စဖွယ် စနစ်တကျ ခင်းကျင်းထားပါတယ်။

            '' ဒီဆိုင်လေးဖွင့်ဖြစ်တာကတော့ နှစ်လလောက်ရှိပါပြီ။ ဒါပေမဲ့ ဆိုင်မဖွင့်ခင် နှစ် နှစ်လောက်ကတည်းက လက်ဖက်ရည်ဆိုင်ကြီးတစ်ချို့မှာ ကောင်တာဖွင့်ပြီးရောင်းခဲ့တာပါ။ ဒီလောက်လည်းမုန့်မျိုးမစုံသေးပါဘူး။ စားသုံးသူတွေရဲ့ ဝေဖန်တုံ့ပြန်သံကို အရင်ဆုံးနားထောင်ပါတယ်။ သန့်ရှင်းသပ်ရပ်မှုနဲ့အရသာကို စားသုံးသူတွေက သဘောကျခဲ့ပါတယ်၊ ဒီလိုနဲ့ စားသုံးသူတွေရဲ့ကြားမှာတစ်ဆင့်စကား၊ တစ်ဆင့်နားနဲ့ နာမည်ရခဲ့ပါတယ်'' လို့ ဆိုင်ပိုင်ရှင် မရွှေရည်ဖြိုးကဆိုပါတယ်။

            နိုင်ငံခြားဖြစ်မုန့်တွေ၊ အသင့်စားအမြန်စားမုန့်တွေကို နေရာတိုင်း၊အချိန်တိုင်းမှာ လွယ်လင့်တကူရရှိနိုင်ပေမယ့် မြန်မာမုန့်တွေကတော့ အချိန်တိုင်း၊နေရာတိုင်းမှာ မရရှိနိုင်ပါဘူး။ ရတယ်ဆိုစေဦးတော့ မနက်ခင်းဈေးတွေမှာ၊ လမ်းဘေးခေါင်းရွက်ဗျက်ထိုးသယ်တွေဆီမှာ၊ လက်ဖက်ရည်ဆိုင်တစ်ချို့မှာသာရရှိနိုင်တာပါ။ နောက်ပြီးဒီလိုရောင်းတဲ့ မုန့်ပဲသရေစာအများစုဟာ သန့်ရှင်းသပ်ရပ်မှုအားနည်းတာကြောင့် ကျန်းမာရေးနဲ့ မညီညွှတ်တာ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ကိုယ်အာသီသဖြစ်မိတဲ့မုန့်တွေကို တစ်နေရာတည်းမှာ ရရှိနိုင်ဖို့ဆိုတာဟာ မဖြစ်နိုင်ခဲ့ပါဘူး။ ဒီလိုမျိုး အချိန်နဲ့နေရာအကန့်အသတ်တွေကြောင့် မြန်မာ့ရိုးရာမုန့်တွေကို စားချင်စိတ်ဖြစ်မိတယ်ဆိုရင်တောင် စားချင်စိတ်ကိုပဲ ဖျောက်ပစ်လိုက်ရတာများပါတယ်။ ဒီလိုမျိုးအခြေအနေတွေကြောင့် မြန်မာ့ရိုးရာ မုန့်တွေကိုတစ်နေရာထဲမှာ ၀ယ်ယူစားသုံးနိုင်အောင် ဒီဆိုင်လေးဖွင့်ဖြစ်ခဲ့တာလို့ ဆိုင်ပိုင်ရှင်က ဆိုပါတယ်။ နောက်ပြီး ဒီဆိုင်လေးဖွင့်ဖြစ်သွားပုံက မြန်မာ့ရိုးရာမုန့်တွေကို ကမ္ဘာက သိစေချင်တဲ့ရည်ရွယ်ချက်က အဓိကကျခဲ့ပါတယ်။

            '' မြန်မာဆိုရင် မုန့်ဟင်းခါးနဲ့ တွဲသိကြတာများတယ်။ ဒါပေမဲ့ ကျွန်မက မြန်မာ့ရိုးရာအစာပြေမုန့်ပဲသရေစာကိုပဲရောင်းချဖို့ ဆန္ဒရှိခဲ့ပါတယ်၊ ဒီလိုမျိုး မြန်မာ့ရိုးရာမုန့်တွေကိုဆိုရင် ချိုတယ်၊အီတယ်လို့လည်းအများစုကထင်တာများပါတယ်။ ဒီအမြင်ကိုပြောင်းလဲသွားစေချင်လို့ အရသာကို သင့်တင့် အောင် ဂရုစိုက်ခဲ့ပါတယ်၊ မြန်မာနိုင်ငံကိုကိုယ်စားပြုတဲ့မုန့်တွေကို ကမ္ဘာက သိသွားစေချင်ပါတယ်၊ ဒါကြောင့် ဒီလိုမျိုး နောက်ထပ်ဆိုင်မျိုးတွေ အပြိုင်အဆိုင်ပေါ်ပေါက်လေလေ ဝမ်းသာပီတိဖြစ်လေလေပါပဲ၊ မြို့နယ်ခွဲတိုင်းမှာလည်း တခြားသူတွေလုပ်တဲ့ ဒီလိုမျိုး ဆိုင်လေးတွေ တွေ့မြင်ရဖို့ မျှော်လင့်မိပါတယ်၊ ဒီအတွက် လက်ကမ်းဖို့လည်းအဆင့်သင့်ပါ''။ စီးပွားရေးအကျိုးအတွက်ဆိုတာထက် ကိုယ့်နိုင်ငံရဲ့ရိုးရာအစားအစာတွေကို နိုင်ငံတကာ ကို ရောက်စေလိုတဲ့ စေတနာကိုထင်းထင်းကြီးတွေ့ရမှာ ဖြစ်ပါတယ်။

            ဆိုင်ဖွင့်ဖို့အတွက် တွေ့ကြုံရတဲ့အခက်အခဲတွေကတော့ အများကြီးရှိခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မြန်မာ့ရိုးရာမုန့်တွေကို လုပ်တတ်တဲ့သူတွေကို ရှာဖွေရတာပါ။ ဒါကြောင့် မြန်မာမုန့်ဆိုင်လေးတွေဆီ တကူးတကသွားပြီးစားခဲ့ပါတယ်။ မုန့်လုပ်နည်းကိုလည်း လေးလေးစားစားနဲ့ တောင်းခံခဲ့ပေမယ့် အများစုက မပေးလိုခဲ့ကြပါဘူး။ တစ်ခုရှိတာက သူမရဲ့အမေကိုယ်တိုင်က မြန်မာ့ရိုးရာမုန့်တွေ တော်တော်များများကို လုပ်တတ်ခဲ့တာ ဖြစ်ပါတယ်။ ကလေးဘဝကတည်းက အမေ့ကိုကူရင်း မုန့်လုပ်နည်းတစ်ချို့ကို လက်ပွန်းတတီးဖြစ်ခဲ့သူပါ။ ဒါ့ကြောင့်မို့လည်း ဒီလိုမျိုးရှားပါးတဲ့ဆိုင်ကို အခက်အခဲတွေကြားကနေ ဖြစ်အောင်လုပ်နိုင်ခဲ့တာလို့ ဆိုရပါမယ်။ အိမ်တွင်းမှုလုပ်ငန်းကနေ နည်းနာခံ၊သင်ယူရရှိခဲ့တဲ့မုန့်လုပ်နည်းတွေကလည်း အထောက်အပံ့ကောင်းတစ်ခုလို့ ဆိုရပါမယ်။ နောက်ထပ်အခက်အခဲတွေကတော့ ရာသီအလိုက်ပဲပေါ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကြောင့်လို့ ဆိုပါတယ်။ ထန်းသီးမုန့်လိုမျိုး၊ကောက်လှိုင်းတီမုန့်တွေလို မျိုး မုန့်တွေဖြစ်ပါတယ်။

            ''မြန်မာ့ရိုးရာမုန့်လုပ်ရင် အမာခံကုန်ကြမ်းပစ္စည်းဖြစ်တဲ့ ထန်းလျှက်တို့၊ဆန်တို့၊ကောက်ညှင်းတို့၊ဂျုံတို့က အလွယ်တကူရနိုင်ပါတယ်၊ ထန်းသီးမုန့်လုပ်ဖို့ကြ ခဲယဉ်းတယ်၊ ထန်းသီးမှည့်အစစ်နဲ့လုပ်ထားတဲ့မုန့်မျိုးကိုပဲ လုပ်ချင်ပါတယ်၊ ထန်းသီးကို သန်လျင်ဘက်မှာရနိုင်တယ်ဆိုပေမယ့် သယ်ယူပို့ဆောင်ရေးစရိတ်က ကြီးသွားပါတယ်။ ဒီလိုပါပဲ။ ကောက်လှိုင်းတီလုပ်ရင်လည်း ကောက်လှိုင်းပေါ်ချိန်ကိုစောင့်ရပါတယ်၊ ဒီတော့ အကန့်အသတ်တွေ ရှိတာပေါ့၊ နောက်ပြီးမုန့်လင်မယားတို့၊ ရေမုန့်တို့ စတာတွေကို နေရာမှာပဲလုပ်ပြီးရောင်းချချင်တယ်၊ ဒါပေမဲ့ ဒီမုန့်တွေကိုလုပ်တဲ့ခါ နေရာကျယ်ဖို့ လိုတယ်၊ညစ်ပတ်ပေရေတယ်လေ''လို့ မရွှေရည်ဖြိုးကပြောပါတယ်။ နိုင်ငံခြားမုန့်တွေလို မြန်မာ့ရိုးရာမုန့်တွေကို ရက်တာရှည်ခံအောင်ပြုလုပ်ဖို့ ခက်ခဲတာကြောင့် တစ်နေ့စာတစ်နေ့ ချင့်ချိန်လုပ်ရတာကလည်း တာဝန်ကြီးစေတာတွေ့ရမှာပါ။ လုပ်ရတဲ့လုပ်ငန်းအဆင့်ဆင့်ကလည်း များပါတယ်။ ကရိကထနိုင်တယ်၊ အဆာကျယ်တယ်၊ အစရှိတာတွေကလည်း တာဝန်ကြီးပါတယ်။  

            မြန်မာ့ရိုးရာမုန့်ပဲသရေစာတွေကို နိုင်ငံခြားရောက်မြန်မာတွေက တခုတ်တရလာစား၊မှာစားကြသလိုသက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေလည်း တကူးတကလာစားကြပါတယ်။ အခုနောက်ပိုင်းလူငယ်တွေလည်း အသိများလာတယ်လို့လည်းဆိုပါတယ်။ ဒီဆိုင်ကို တိုးခရီးစဉ်အဖြစ် တချို့ဧည့် လမ်းညွှန်တွေက နိုင်ငံခြားသားတွေကို ခေါ်ဆောင်လာလေ့ရှိတယ်လို့လည်းသိရပါတယ်။ ဒီဆိုင်ကို မြန်မာ့ရိုးရာမုန့်လေးတွေ လာစားကြတဲ့သူတွေက 'ဒီလိုမျိုးမုန့်တွေကို စားရတာ ငယ်ဘဝတွေကိုတောင် သတိရတယ်၊ အဲဒီအတွက် ကျေးဇူးတင်တယ်လို့'ပြောတဲ့အခါ ပီတိက ဘာနဲ့မှမလဲနိုင်ဘူးလို့လည်း ပြောပါတယ်။ ဆိုင်မှာရောင်းချတဲ့မုန့်တွေရဲ့ဈေးနှုန်းက ကျပ် ၅၀၀ ကနေ ၇၀၀ အထိပဲရှိတာကြောင့် ဈေးနှုန်းသင့်တင်မျှတလှပါတယ်။ ဒီလိုမျိုးမုန့်အဆင့်ထိရောက်အောင် စိုက်ထုတ်ရတာများတာကြောင့် လုပ်အားကဲမုန့်တွေလို့တောင် ပြောရမှာပါ။    

            ထူးခြားတာကဒီလိုမျိုးမြန်မာ့ရိုးရာမုန့်တွေကို ပြုလုပ်တဲ့နေရာမှာစားသုံးသူရဲ့ကျန်းမာရေးအတွက် ဓာတုပစ္စည်းလုံးဝ အသုံးမပြုတာ ဖြစ်ပါတယ်။ နောက်ပြီးဆိုင်ခန်းအတွင်းအပြင်အဆင်ဖြစ်ပါတယ်။ နံရံမှာ မြန်မာ့သဘာဝရှု့ခင်းတွေကို မီးရောင်နီကျင့်ကျင့်လေး ထွန်းပေးထားတာက စိတ်ကြည်နူးစရာပါ။ ဒါ့အပြင် မုန့်ဗန်းတွေကို ခင်းကျင်းပြင်ဆင်ထားပုံကလည်း သဘောကျစရာပါ။ မှန်ဘောင်တွေ ခတ်ထားတာ ဖြစ်ပါတယ်။ တချို့စားသုံးသူတွေက သစ်သီးဖျော်ရည်လေးတွေကိုလည်း ရောင်းချစေချင်တယ်လို့ တောင်းဆိုတာကြောင့် သစ်သီးဖျော်ရည်လည်း သောက်သုံးနိုင်ပါတယ်။ အလိုက်ဖက်ဆုံးကတော့ မြန်မာ့ရိုးရာမုန့်တစ်ခုခု စားသုံးပြီးတာနဲ့ ရေနွေးကြမ်းလေးသုံးဆောင်ရမယ့် အရသာဖြစ်ပါတယ်။

            ရရိနိုင်တာတွေကတော့ ကောက်ညှင်းရွှေကြည်၊၊ကောက်ညှင်းငွေထမင်း၊အုန်းနို့၊ သာကူပျဉ်၊ မုန်လာဥနီဆနွင်းမကင်း၊ရွှေကြည်ဆနွင်းမကင်း၊ ဆန်ဆနွင်းမကင်း၊ကွေကာအုတ်ဆနွင်းမကင်း၊ကန်စွန်းဥဆနွင်းမကင်း၊အားလူးဆနွင်းမကင်း၊ပြာရည်ထုပ်၊ ရွှေဖရုံသီးဆနွင်းမကင်း၊ကောက်ညှင်းရွှေကြည်၊ ငှက်ပျောရွှေကြည်၊ ဆီထမင်း၊ကောက်ညှင်းပေါင်း၊အုန်းနို့ကျောက်ကျော၊အုန်းစိမ်းကျောက်ကျော၊ကိတ်ကျောက်ကျော၊သီးစုံကျောက်ကျော၊ချောကလက်နို့စိမ်းကျောက်ကျော၊နဂါးမောက်သီးကျောက်ကျော၊တိမ်လွှာကျောက်ကျော၊မုန့်ကျွဲသဲ၊မုန့်ဗိုင်းတောင့်၊ထန်းသီးမုန့်၊မုန့်လိပ်ပြာ၊မုန့်ဦးနှောက်၊ကောက်လှိုင်းတီ၊ကောက်ညှင်းထုပ် (ပဲ၊ငှက်ပျော)၊မုန့်စိမ်းပေါင်းနဲ့ ဆန်၊ဂျုံဘိန်းမုန့်တို့ပဲ ဖြစ်ပါတယ်။ တစ်ချိုမုန့်အမျိုးအစားတွေက ကိုယ်တိုင်ဖန်တီးကြံဆထားတာတွေ ဖြစ်ပါတယ်။    

            ဒီမြန်မာ့ရိုးရာမုန့်လေးတွေကိုသပြေရိပ်(ကျောက်ကုန်း)၊သပြေရိပ်(လှိုင်သာယာ)၊သပြေရိပ်(မင်္ဂလာဒုံ)၊သပြေရိပ်(မိုင်-၄၀အမြန်လမ်း)၊ Mega Star (ဝေဇယန္တာ)နဲ့ Mercury (ကျောက်ကုန်း) အစရှိတဲ့နေရာတွေမှာ ဆိုင်ခွဲကောင်တာဖွင့်ပြီးရောင်းချပေးနေတာပါ။ ဥပုသ်နေ့ကလွဲရင် နေ့တိုင်းဖွင့် ပါတယ်။ မုန့်ဗန်းငါးဗန်းနဲ့အထက် အော်ဒါမှာတဲ့သူတွေကိုတော့ ပင်ရင်းဆိုင်ကနေတိုက်ရိုက်ပို့ပေးတဲ့ ၀န်ဆောင်မှုရှိပါတယ်။ ဒီထက်နည်းတယ်ဆိုရင်တော့ နီးစပ်ရာဆိုင်ခွဲကောင်တာတွေမှာ ၀ယ်ယူရရှိနိုင်ပါလိမ့်မယ်။ အလှူ၊မွေးနေ့၊မင်္ဂလာပွဲတွေအတွက် အော်ဒါမှာချင်တယ်ဆိုရင်တော့ နှစ်ရက်ကြိုမှာရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာလူမျိုးပီပီ မြန် မာ့ရိုးရာ မုန့်မျိုးစုံကို အရသာခံစားသုံးချင်တယ်ဆိုရင်တော့ 'တင့်တင့်' မြန်မာ့ရိုးရာမုန့်မျိုးစုံဆိုင်ကိုသတိရလိုက်ပါလို့ ဆိုပါရစေ။

 

Read more Business


Read 662 times Last modified on Friday, 04 March 2016 10:36
Rate :
(2 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.