ďťż
Thursday, 03 March 2016 04:38

Anawyahta River Cruise Launching

Anawrahta River Cruise

ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ကြောင်းသွား သဘောင်္တစ်စင်းဖြစ်တဲ့ Anawyahta River Cruise Launching ကို မတ်လ ၁ ရက်က ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာ ပြုလုပ်ခဲ့ပါတယ်။

၆၅ မီတာအရှည်ရှိတဲ့ Anawyahta River Cruise မှာ ခရီးသည် ၄၆ ဦး စီးနင်းနိုင်ပြီး Kipling’s Bar ၊ Mandalay Lounge ၊ Hintha Hall Restaurant၊ Thazin Spa တို့ ပါဝင်ကာ Deluxe Staterooms ၁၆ ခန်း၊ Junior Suites ၊ Executive Suites ၊ Royal Suites တို့ ပါဝင်ပါတယ်။

Anawrahta River Cruise2

ခရီးစဉ်အနေနဲ့ Timeless Landscape ( Bagan- Yangon Cruise,7 Days-6 Nights) မှာ စလေ၊ မကွေး၊ သရက်၊ ပြည်၊ စစ်တောင်း၊ ဇလွန်၊ ဓနုဖြူ၊ ရန်ကုန်မြို့တွေကို ဖြတ်သန်းရွက် လွှင့်သွားမယ့် အစီအစဉ်တွေ ပါရှိပါတယ်။ The Upper Ayeyarwady ခရီးစဉ်တွင် Mandalay-Katha ( 8 Days- 7 Nights)အထက်ခရီးစဉ် တွေ ပါဝင်ပြီး တကောင်း၊ ကသာ၊ ရွှေကူ၊ သာဂရ၊ မန္တလေး ခရီးအစီအစဉ်တွေလည်း ပါဝင်ပါတယ်။

Amazing Ayeyarwady (Yangon-Bagan,8 Days-7 Nights) ၊ Exotic Chindwin (Mandalay-Homelin-Bagan,12 Days-11 Nights) ခရီးစဉ်တွေ ရှိပါသေးတယ်။ ရက်တိုခရီးစဉ်အဖြစ် Golden Land Voyage (Bagan-Mandalay Cruise, 5 Days-4 Nights) ၊ Ancient Capitals (Mandalay-Bagan, 5 Days- 4 Nights) တွေ ကို ရွေးချယ်လို့ ရပါတယ်။

Wifi ၊ အခြားဆားဗစ်တွေအပြင် ခရီးသည်တွေ လုံခြုံရေးအတွက် နိုင်ငံတကာအဆင့်မီလုံခြုံရေးစနစ် ပါရှိတယ်လို့ သိရပါတယ်။ Anawyahta River Cruise ကို Heritage Line မှ မိတ်ဆက်တာဖြစ်ပြီး ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာနိုင်ငံတွေမှာ ခရီးစဉ်တွေကို River Cruise တွေနဲ့ စီစဉ်ပေးနေတာ ဖြစ်ပါတယ်။

 Anawrahta River Cruise3

Heritage Line Indochina Co., Ltd

No.273,Block 155, Palae Ngwe Yaung Ward, Aung Myay Thar San Township,Mandalay

www.heritage-line.com


Read more Business


Read 411 times Last modified on Thursday, 03 March 2016 05:00
Rate :
(3 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.