Wednesday, 09 October 2019 05:34

Myanmar.jpg

Zawgyi Version






မြန်မာနိုင်ငံသည် စီးပွားရေး တိုးတက်ပြောင်းလဲမှု အမြန်ဆုံး နိုင်ငံ ၂၀ စာရင်းတွင် ပါဝင်





>>> အခွန်ပေးဆောင်ရမည့် ရက်များကို လွယ်ကူစွာ သိရှိနိုင်မယ့် Tax Calendar 

 

71798871_2326466524147867_6234362565942575104_o_1.png


May Thu Thu

=========

Unicode Version

တောင်သူလယ်သမားများအတွက် သီးနှံ အသစ် ( ၈ ) မျိုး ထပ်တိုး ငွေချေးပေးမည်

တောင်သူလယ်သမား ဦးကြီးများ၏ စိုက်ပျိုးစရိတ် လိုအပ်ချက်များကို နိုင်ငံတော်က ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် လုပ်ကွက်ငယ် တောင်သူလယ်သမားများသို့ နှစ်စဉ် စိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိပါသည်။

တောင်သူဦးကြီးတို့ ပိုင်ဆိုင်သော လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) မူရင်းကို ဘဏ်မှ အပေါင်အဖြစ်ရယူ၍ ကိုယ်တိုင် အာမခံသောစနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိပါသည်။

သီးနှံအမျိုးအစားအလိုက် စပါး ၁ ဧက ကျပ် ၁၅၀,ဝဝဝ နှုန်း၊ အခြားသီးနှံများနှင့် ကြံကို ၁ ဧက ကျပ် ၁၀ဝ,ဝဝ၀ နှုန်းဖြင့် ချေးငွေများရယူနိုင်ပါသည်။

၂၀၁၉-၂၀၂၀ ခုနှစ်တွင် လက်ရှိထုတ်ချေးပေးလျက်ရှိသော သီးနှံ ၁၄ မျိုးအပြင် ထပ်မံတိုးချဲ့၍ ပဲမျိုးစုံ ၄ မျိုး (ထောပတ်ပဲ၊ ပဲကြီး၊ ပဲယဉ်း၊ စားတော်ပဲ)၊ ဆီထွက်သီးနှံ ၂ မျိုး (ပန်းနှမ်း၊ နေကြာ)၊ စားဖိုဆောင်သီးနှံ ၂ မျိုး (ကြက်သွန်နီ၊ ငရုတ်) စသည့် ပြည်ပပို့ကုန်နှင့် ပြည်တွင်းတွင် စားသုံးမှုများပြားသော အခြားသီးနှံ ၈ မျိုးကို ဆောင်းချေးငွေမှ စတင်ပြီး ယခင်နှစ်နှုန်းထားအတိုင်း ထုတ်ချေးသွားမည်ဖြစ်ပါသည်။

ဆောင်းချေးငွေကို ယခင်နှစ်များက အောက်တိုဘာလဆန်းမှ ဒီဇင်ဘာလကုန်အထိ ထုတ်ချေးပေးပြီး နောက်နှစ် ဇွန်လကုန်တွင် နောက်ဆုံးပေးဆပ်ရန် သတ်မှတ်ခဲ့ရာမှ ယခုနှစ်တွင် တောင်သူများ အဆင်ပြေစေရန် ပေးဆပ်ရမည့် နောက်ဆုံးရက်ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ပေးထားပါသည်။

မိုးကြိုချေးငွေကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလဆန်းမှ မတ်လကုန်အထိ ထုတ်ချေးပေးမည်ဖြစ်ပြီး ပြန်ဆပ်ရမည့် နောက်ဆုံးကာလမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကုန် ဖြစ်သည်။

မိုးချေးငွေကို ၂၀၂၀ ပြည့်နှစ်၊ မေလဆန်းမှ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးမည်ဖြစ်ပြီး ပြန်ဆပ်ရမည့် နောက်ဆုံးကာလမှာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ( ၁၅ ) ရက်နေ့ ဖြစ်သည်။

တောင်သူများအနေဖြင့် ချေးငွေအဆိုပြုလွှာများကို အချိန်မီတင်ပြနိုင်ရေးအတွက် မိမိတို့ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ချေးငွေစိစစ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာမြို့နယ် ဘဏ်ခွဲများနှင့် ဆက်သွယ်ဆောင်ရွက်ကြပါရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ ကြေညာထားပါသည်။

ယခုအစိုးရကာလ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် စပါးချေးငွေ နှုန်းထားကို တစ်ဧကကျပ် (၁) သိန်းမှ (၁) သိန်းခွဲ ၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် အခြားသီးနှံကို ကျပ် (၂) သောင်းမှ (၅) သောင်း ၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ကျပ် (၅) သောင်းမှ (၁) သိန်း သို့ ချေးငွေနှုန်းထား (၃) ကြိမ် တိုးမြှင့်ခဲ့ပါသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်

May Thu Thu


Read times
Rate :
(0 votes)

3 comments

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.