Friday, 23 August 2019 11:19

 

dollar_kyat.jpg

ဇူလိုင်လ ၈ ရက်နေ့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ ဒေါ်လာငွေ လဲလှယ်နှုန်းဟာ တစ်ဒေါ်လာလျှင် မြန်မာငွေ ၁,၅၀၄ ကျပ် ရှိခဲ့ပြီး ယနေ့ သြဂုတ်လ ၂၃ ရက်နေ့မှာ ၁,၅၂၀ ကျပ် ဖြစ်လာခဲ့ပါတယ်။

တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၆ ကျပ်ခန့် မြင့်တက်လာခြင်း ဖြစ်ပြီး ဒေါ်လာ ၁၀၀ ဆိုရင် ၁,၆၀၀ ကျပ်၊ ဒေါ်လာ ၁၀၀၀ အတွက်ဆိုရင် ၁၆,၀၀၀ ကျပ် စသဖြင့် ကွာဟ မြင့်တက်သွားမှာ ဖြစ်ပါတယ်။

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများဟာလည်း Octane 92 - ၈၀၀ ကျပ်မှ ၇၉၅ ကျပ်၊ Octane 95 - ၈၉၀ ကျပ်မှ ၈၈၅ ကျပ်၊ Premium Diesel - ၉၂၀ ကျပ်မှ ၉၀၀ ကျပ်၊ Diesel - ၉၁၀ ကျပ်မှ ၈၉၀ ကျပ်သို့ အသီးသီး ကျဆင်းလာလျက် ရှိပါတယ်။

>>> နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းများ

>>> အစိုးရဘဏ်များ
အဆိုပါနှစ်လအတွင်းမှာ ဒေါ်လာဈေးရော စက်သုံးဆီဈေးဟာ တစ်ဟုန်ထိုး ထိုးတက်သွားတာမျိုး၊ ထိုးကျသွားတာမျိုးမရှိပဲ အနည်းငယ်သာ အတက်အကျ ရှိနေတာကို တွေ့ရပါတယ်။

ယနေ့ သြဂုတ်လ ၂၃ ရက်နေ့တွင် AYA Bank က ၁,၅၁၅ ကျပ် ( အဝယ်) နဲ့ ၁,၅၂၂ ကျပ် ( အရောင်း )၊ KBZ Bank က ၁,၅၀၈ ကျပ် ( အဝယ်) နဲ့ ၁,၅၁၈ ကျပ် ( အရောင်း )၊ CB Bank က ၁,၅၁၂ ကျပ် ( အဝယ်) နဲ့ ၁,၅၁၉ ကျပ် ( အရောင်း ) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ပြုလုပ်လျက် ရှိပါတယ်။

>>> စက်သုံးဆီဆိုင်များ

ထို့အတူ Octane 92 - ၇၉၅ ကျပ်၊ Octane 95 - ၈၈၅ ကျပ်၊ Premium Diesel - ၉၀၀ ကျပ်၊ Diesel - ၈၉၀ ကျပ်ဖြင့် ရောင်းချလျက် ရှိပါတယ်။


Read times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.