Monday, 19 August 2019 11:05

 

378085_741167477452_18100422_37228505_884004062_n.jpg

သတ်မှတ်ကာလအတွင်း လာမထုတ်၍ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းရရှိသည့် ထီဆုမဲပမာဏသည် တစ်လလျှင် ကျပ်သန်း ၇၀၀ မှ ၁ ဘီလီယံကြား ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

“တစ်ခါတလေကျတော့လည်း မမှန်ဘူးဗျ။ မမှန်ဘူးဆိုတာက တစ်ခါတလေကျရင် တချို့လတွေမှာလည်း (ကျပ်) One Billion (တစ်ဘီလီယံ) လောက်ရတယ်။ တချို့လတွေဆိုလည်း (ကျပ်) သန်း ၇၀၀ လောက်ပဲရတာရှိတယ်။ ဒါက အရမ်းတော့ အတိအကျပြောလို့မရဘူး။ မမှန်ဘူး။ ထုတ်တဲ့လူလည်းရှိတယ်။ မထုတ်တဲ့လူလည်းရှိတယ်။ (ကျပ်သန်း) ၇၀၀ ကနေ တစ်ဘီလီယံကြားပေါ့။ အတက်အကျလေးတွေတော့ရှိတယ်”ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

လတ်တလော ထိုဘဏ္ဍာသိမ်းထီ ဆုမဲများအတွင်းမှ တစ်လလျှင် ကျပ်သိန်း ၂၅၀၀ ကို ဝေဝေဆာဆာ ထီဆုမဲများအတွင်းသို့ ခွဲဝေ၍ ထည့်သွင်းချီးမြှင့်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

>>> တစ်ပတ်အတွင်း ပြောင်းလဲမည့် သင့်ရဲ့ ကံကြမ္မာ အဆိုးအကောင်းများ

ကျပ်သိန်း ၂၅၀၀ ကို အပိုဆုအဖြစ် ကျပ် ၁၀၀၀ တန်ထီ၏ ၅ ကြိမ်မြောက်မှစတင်၍ ထည့်သွင်းချီးမြှင့်ခဲ့ပြီး ပြီးခဲ့သည့် ၆ ကြိမ်မြောက်ကလည်း ထည့်သွင်းချီးမြှင့်ခဲ့သည်။

ကျပ် ၁၀၀၀ တန်ထီ၏ ၅ ကြိမ်မြောက်နှင့် ၆ ကြိမ်မြောက်တို့တွင် ဖွင့်လှစ်မည့် အကြိမ်တွင် အပိုဆုမဲ ကျပ်သိန်း ၂၅၀၀ ကို ဝေဝေဆာဆာဆုမဲများ ဖြစ်သည့် ကျပ် ၃ သိန်းဆုတွင် ၂၀ ဆု၊ ကျပ် ၂ သိန်းဆုတွင် ၂၀၀ ဆု၊ ကျပ် ၁ သိန်းဆုတွင် ၂၀၀၀ ဆုနှင့် ကျပ် ၁၀ သိန်းတွင် ၄ ဆု ဟူ၍ စုစုပေါင်း ဆုပေါင်း ၂၂၂၄ ဆု ခွဲဝေထည့်သွင်း ချီးမြှင့်ခဲ့သည်။

>>> ထီဆိုင်များ၏ လိပ်စာနှင့် ဖုန်းနံပါတ်များ

ကျပ် ၁၀၀၀ တန်ထီရောင်းချရမှုတွင် ပထမအကြိမ်က ထီလက်မှတ်အားလုံးရောင်းချနိုင်ခဲ့ပြီး ဒုတိယအကြိမ်တွင် ကျပ်သန်းပေါင်း နှစ်သောင်းရှစ်ထောင်ကျော်၊ တတိယအကြိမ်တွင် ကျပ်သန်း နှစ်သောင်း ခုနစ်ထောင်ကျော်နှင့် စတုတ္ထအကြိမ်က ကျပ်သန်း သုံးသောင်းတစ်ထောင်ကျော် ရောင်းချနိုင်ခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

 thevoice


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.