Thursday, 15 August 2019 03:41

 

development-of-SMEs.jpg

မြင်းကောင်ရေ သုံးကောင်အားနှင့် အထက်ရှိသော အားတစ်မျိုးမျိုးကို အသုံးပြု၍၊ လုပ်ခစားအလုပ်သမား ၁၀ ဦးနှင့် အထက်ပုဂ္ဂလိက စက်မှုလုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်နေသူသည် ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေအရ မှတ်ပုံတင်ရပါမည်။

ပုဂ္ဂလိက စက်မှုလုပ်ငန်းများကို အောက်ပါအတိုင်း အရွယ်အစား(၃)မျိုး ခွဲခြားသတ်မှတ်၍ မှတ်ပုံတင်ပြုလုပ်နိုင်သည်။

(၁) အသေးစား စက်မှုလုပ်ငန်းများ
မတည်ရင်းနှီးငွေကျပ် ၁ သန်းအထိ (သို့) ကုန်ထုတ်လုပ်မှု တန်ဖိုး တစ်နှစ်လျှင် ကျပ် ၂.၅ သန်းအထိ (သို့) မြင်းကောင်ရေ ၂၅ ကောင်အား အထိ (သို့) အလုပ်သမား ၅၀ ဦးအထိ ရှိခြင်း။

(၂) အလတ်စား စက်မှုလုပ်ငန်းများ
မတည်ရင်းနှီးငွေကျပ် ၅ သန်းအထိ (သို့) ကုန် ထုတ်လုပ်မှုတန်ဖိုး တစ်နှစ်လျှင် ကျပ် ၁၀ သန်းအထိ (သို့) မြင်းကောင်ရေ ၅၀ ကောင်အား အထိ (သို့) အလုပ်သမား ၁၀၀ ဦးအထိ ရှိခြင်း။

>>> စက်မှုဇုန်များ

(၃) အကြီးစား စက်မှုလုပ်ငန်းများ
မတည်ရင်းနှီးငွေကျပ် ၅ သန်းအထက် (သို့) ကုန် ထုတ်လုပ်မှုတန်ဘိုး တစ်နှစ်လျှင် ကျပ် ၁၀ သန်းအထက် (သို့) မြင်းကောင်ရေ ၅၀ ကောင်အားအထက် (သို့) အလုပ်သမား ၁၀၀ ဦး အထိ ရှိခြင်း တို့ဖြစ်သည်။

မှတ်ပုံတင်လျှောက်ထားရန် အောက်ပါတို့ လိုအပ်ပါသည်။

- သက်ဆိုင်ရာလုပ်ငန်းလိုင်စင်များ/ထောက်ခံချက်များ
ဥပမာ- ရေသန့်လုပ်ငန်းဖြစ်ပါက အစားအသောက်နှင့်ဆေးဝါး စီမံခန့်ခွဲမှု ဦးစီးဌာန၏ FDA ထောက်ခံချက်

- လုပ်ငန်းရှင်ဓါတ်ပုံ (Passport size) - ၃ ပုံ

>>> အခွန်ပေးဆောင်ရမည့် ရက်များကို လွယ်ကူစွာ သိရှိနိုင်မယ့် Tax Calendar 

ဖော်ပြပါအချက်များ ပြည့်စုံပါက အောက်ပါ Link မှ တစ်ဆင့် Online registration ပြုလုပ်နိုင်ပြီ ဖြစ်သည်။
 http://bit.ly/2TvX6Vc 

အသေးစိတ်သိရှိလိုပါက www.disi.gov.mm  တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Ministry Of Industry 


Read times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.