Friday, 09 August 2019 06:57

 

gold.jpg

ဇွန်လ ၃ ရက်နေ့မှ ယနေ့ သြဂုတ်လ ၉ ရက်နေ့အထိ နှစ်လကျော် ကာလအတွင်း ဒေါ်လာဈေးနဲ့ စက်သုံးဆီဈေးသည် တဖြည်းဖြည်း ကျဆင်းလာနေသော်လည်း ရွှေဈေးသည်မူ စံချိန်တင် ဆက်လက် မြင့်တက်နေလျက် ရှိသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်းများသည် အမေရိကန် တစ်ဒေါ်လာလျှင် ၁၉၃၂.၇ ကျပ်မှ ၁၅၀၈.၄ ကျပ် သို့ လည်းကောင်း၊ စင်္ကာပူ တစ်ဒေါ်လာလျှင် ၁၁၁၂.၈ ကျပ်မှ ၁၀၉၁.၁ ကျပ် သို့လည်းကောင်း၊ ယူရိုငွေသည်လည်း ၁၇၀၈.၇ ကျပ်မှ ၁၆၉၁.၄ ကျပ် သို့လည်းကောင်း ကျဆင်းနေသည်။

ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများသည်လည်း Octane 92 - ၈၆၅ ကျပ်မှ ၇၈၅ ကျပ်၊ Octane 95 - ၉၃၅ ကျပ်မှ ၈၇၅ ကျပ်၊ Premium Diesel - ၉၆၀ ကျပ်မှ ၈၉၀ ကျပ်၊ Diesel - ၉၅၀ ကျပ်မှ ၈၈၀ ကျပ် အသီးသီး ကျဆင်းလာလျက် ရှိသည်။

>>> ရွှေဆိုင်များ

>>> နိုင်ငံခြားငွေ လဲလှယ်ရေးလုပ်ငန်းများ

ဇွန်လ ၃ ရက်နေ့တွင် ပြည်တွင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ၁,၀၅၉,၀၀၀ ကျပ် သာ ရှိရာမှ သြဂုတ်လ ၉ ရက်တွင် ၁,၂၂၁,၀၀၀ ကျပ် ဖြစ်လာပြီး ၁၆၂,၀၀၀ ကျပ် ထိ မြင့်တက်လာခဲ့သည်။

၁၅ ပဲရည်သည်လည်း တစ်ကျပ်သားလျှင် ၉၉၇,၂၀၀ ကျပ် သာ ရှိနေရာမှ ၁,၁၄၉,၂၀၀ ကျပ် ထိ ဖြစ်လာပြီး ၁၅၂,၀၀၀ ကျပ် ထိ ဆက်တိုက် မြင့်တက်လာခဲ့သည်။

>>> စက်သုံးဆီဆိုင်များ

ထို့အတူ ကမ္ဘာရွှေဈေးသည် ဇွန်လ ၃ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၁,၃၁၁ ဒေါ်လာရှိခဲ့ပြီး ယနေ့ သြဂုတ်လ ၉ ရက်နေ့တွင် ၁,၅၀၇ ဒေါ်လာ ဖြစ်လာကာ ၁၉၆ ဒေါ်လာ ထိ မြင့်တက်လာခြင်း ဖြစ်သည်။

မြန်မာငွေနှင့် ပြန်လည်တွက်ချက်လျှင် ကမ္ဘာ့ရွှေဈေးသည် ယနေ့ဒေါ်လာငွေ ပေါက်ဈေးအရ ၂၉၅,၆၄၆ ကျပ် ထိ တစ်ရှိန်ထိုး မြင့်တက်လာနေခြင်း ဖြစ်သည်။


Read times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.