Thursday, 01 August 2019 03:32

 

0531-Myanmar-youth-jobs.jpg

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်း (၃,၀၀၀) ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်းများအား ခွင့်ပြုခဲ့သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ဟိုတယ်ကဏ္ဍနှင့် အိမ်ရာ အဆောက်အဦးကဏ္ဍတို့မှ လုပ်ငန်းစုစုပေါင်း (၉)ခု ခွင့်ပြုခဲ့ပြီး အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၁၀၁ ဒသမ ၁၇၂) သန်းနှင့် ငွေကျပ် (၁၁၀,၇၀၃ ဒသမ ၈၀၀) သန်းရှိကြောင်း သိရသည်။

ထိုအခွင့်အလမ်းများမှာ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃,၀၂၉) နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။

>>> MMRD မှခေါ်နေသော အလုပ်အကိုင်များ

>>> မြန်မာနိုင်ငံ၏ ကိုယ်ပိုင်ဂြိုဟ်တု Myanmar Sat 2 ကို လာမည့် ဩဂုတ် ၇ ရက် နံနက် ၂ နာရီတွင် လွှတ်တင်မည်

၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇွန်လကုန်အထိ နိုင်ငံပေါင်း (၄၉) နိုင်ငံတို့မှ စီးပွားရေးကဏ္ဍ (၁၂)ခုတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း (၁,၇၅၂) ခု ရင်းနှီးမြှုပ်နှံလျက်ရှိရာ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်းပေါင်း (၈၀,၈၉၂ ဒသမ ၀၆၁) ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။

နိုင်ငံပေါင်း ၄၉ နိုင်ငံမှ စီးပွားရေးကဏ္ဍ (၁၂) ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၇ ဒသမ ၇၂) ရာခိုင်နှုန်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၁၈) ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၁၃ ဒသမ ၈၂) ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

MOI


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.