Friday, 21 June 2019 07:19

 

2017-04-20T013143Z_1_LYNXMPED3J02M_RTROPTP_3_MYANMAR_original.jpg

ဇွန်လ ၃ ရက်နေ့တွင် ရန်ကုန်ရွှေဈေးသည် ၁,၀၅၉,၅၀၀ ကျပ်ရှိနေရာမှ တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး လက်ရှိတွင် ၁,၁၁၁,၅၀၀ ကျပ်အထိ ဖြစ်လာကြောင်း ပြည်တွင်းရွှေဈေးကွက်မှ သိရသည်။

သုံးပတ်အတွင်း အခေါက်ရွှေဈေး ၅၂,၀၀၀ ကျပ်ထိ မြင့်တက်လာပြီး ၁၅ပဲရည် ရွှေဈေးနှုန်းများသည်လည်း ၄၉,၄၀၀ ကျပ်ထိ မြင့်တက်လာလျက် ရှိသည်။

>>> ရွှေပန်းထိမ်နှင့် ရွှေဆိုင်လုပ်ငန်းများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များ

၁၅ပဲရည်ရွှေဈေးသည် ဇွန်လ ၃ ရက်တွင် ၉၉၇,၂၀၀ ကျပ် ရှိနေရာမှ လက်ရှိ ဇွန်လ ၂၁ ရက်တွင် ၁,၀၄၆,၆၀၀ ကျပ်ထိ ဆက်တိုက် မြင့်တက်လာနေခြင်း ဖြစ်သည်။

ပြည်တွင်းရွှေဈေးများ မြင့်တက်လာနေသကဲ့သို့ ကမ္ဘာ့ရွှေဈေးသည်လည်း မြန်မာငွေ ၁ သိန်းခွဲနီးပါး အထိ ထိုးတက်နေသည်။

>>> အိမ်သုံးမီတာအသစ်တစ်လုံး တပ်ဆင်မယ်ဆိုရင် ဘာတွေ လိုအပ်မလဲ

ကမ္ဘာ့ရွှေဈေးသည် ဇွန်လ ၃ ရက်တွင် အမေရိကန်ဒေါ်လာ ၁,၄၀၆ ရှိနေရာမှ ယနေ့ ဇွန်လ ၂၁ ရက်တွင် ၁,၃၁၁ ဖြစ်လာပြီး စုစုပေါင်း ၉၅ ဒေါ်လာ မြင့်တက်နေသည်။


Read times Last modified on Friday, 21 June 2019 10:36
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.