Thursday, 13 June 2019 04:46

tourists.jpg

၂၀၁၉ ခုနှစ် နှစ်စမှ မေလကုန်အထိ မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား စုစုပေါင်း ၅၃၉,၀၆၂ ဦး ဝင်ရောက်ခဲ့ပြီး ယခင် ၂၀၁၈ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် 

ခရီးသွား ၂ သိန်းကျော် ပိုမို များပြားလာကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယခုနှစ်အတွင်း ဖေဖော်ဝါရီလသည် ခရီးသွားအများဆုံး ဝင်ရောက်သည့် ကာလဖြစ်ပြီး ဇန်နဝါရီလတွင် ခရီးသွား ၁၁၁,၈၁၄ ဦး၊ ဖေဖော်ဝါရီလတွင် ၁၂၄,၀၉၄ ဦး၊
မတ်လတွင် ၁၁၉,၆၂၅ ဦး၊ ဧပြီလတွင် ၉၃,၉၉၆ ဦးနှင့် မေလတွင် ၈၉,၅၃၃ ဦး စသဖြင့် အသီးသီး ဝင်ရောက်ခဲ့သည်။

ပြည်ပခရီးသွားများအနက် ကမ္ဘာလှည့်ဗီဇာဖြင့် ဝင်ရောက်သူ ၄၂၇,၇၆၀ ဦး၊ လုပ်ငန်းဗီဇာဖြင့် ဝင်ရောက်လာသူ ၁၁၁,၃၀၂ ဦး ရှိပြီး အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဝန်ကြီးဌာန၏ စာရင်းများအရ ဗီဇာဖြင့် ဝင်ရောက်သူ စုစုပေါင်းသည် ယခင်နှစ်ထက် ၃၂ ရာခိုင်နှုန်း တိုးတက်လာပြီး နယ်စပ်မှ ဝင်ရောက်သူများသည်လည်း
၁၈ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။

ခရီးသွားလုပ်ငန်းများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များ >>> http://bit.ly/2wA0a7U

၂၀၁၈ ခုနှစ်တွင် ပြည်ပခရီးသွား ဝင်ရောက်မှုသည် စုစုပေါင်း ၃၃၆,၈၆၁ ဦး ရှိခဲ့ပြီး ကမ္ဘာလှည့်ဗီဇာဖြင့် ဝင်ရောက်သူ ၂၃၀,၃၂၈ ဦး၊ လုပ်ငန်းဗီဇာဖြင့် ဝင်ရောက်သူ
၁၀၆,၅၃၃ ဦး ရှိခဲ့သည်။

Read More >>> ရန်ကုန်တက္ကသိုလ်ရှိ မေဂျာများကို အမှတ် ၃၆၀ နှင့်အထက် ရရှိသူများ တက်ရောက်နိုင်တော့မည်

မြန်မာနိုင်ငံသို့ နှစ်အလိုက် ဝင်ရောက်ခဲ့သည့် ပြည်ပခရီးသွားဦးရေမှာ ၂၀၁၅ ခုနှစ်တွင် ၄.၆ သန်း၊ ၂၀၁၆ ခုနှစ်တွင် ၂.၉၁ သန်း၊ ၂၀၁၇ ခုနှစ်တွင် ၃.၄၄ သန်း၊
၂၀၁၈ ခုနှစ်တွင် ၃.၅၅ သန်း ဖြစ်သည်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.