Wednesday, 12 June 2019 05:26

 

san.jpg

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ (၅) လအတွင်း ပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် ၅,၀၀၀ ကျပ်မှ ၇,၀၀၀ ကျပ်အထိ ဈေးတက်လာကြောင်း
သိရပါတယ်။

ဧရာဝတီပေါ်ဆန်းမွှေးဟာ ၂၀၁၉ ခုနှစ် နှစ်စမှာ ၃၇,၀၀၀ ကျပ် ရှိခဲ့ရာမှ လက်ရှိတွင် ၄၂,၀၀၀ ကျပ်ထိ မြင့်တက်လာပြီး ရွှေဘိုပေါ်ဆန်းမွှေးသည်လည်း နှစ်စတွင်
၄၈,၀၀၀ ကျပ်သာ ရှိခဲ့ရာမှ ၅၅,၀၀၀ ကျပ်အထိ ဈေးတက်လာပါတယ်။

ဆန်ရောင်းဝယ်ရေး လုပ်ငန်းများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များ >>> http://bit.ly/2Kaqr5D

ဧည့်မထဆန်ကတော့ နှစ်စမှာ တစ်အိတ်လျှင် ၂၁,၅၀၀ ကျပ် ရှိခဲ့သော်လည်း ၁၉,၂၀၀ ကျပ်သို့ ဈေးအနည်းငယ် ပြန်လည် ကျဆင်းသွားပါတယ်။

ငစိန်ဆန်ကတော့ ဇန်န၀ါရီလကနေ လက်ရှိအချိန်ထိ ၁၉,၇၀၀ ကျပ်နဲ့ ဈေးနှုန်းမပြောင်းလဲပဲ တည်ငြိမ်နေတာကို တွေ့ရပါတယ်။

Read More >>> စီးပွားရေးလုပ်လို့ အကောင်းဆုံး အာဆီယံနိုင်ငံ ( ၁၀ ) နိုင်ငံထဲမှာ အောက်ဆုံးရောက်နေတဲ့ မြန်မာနိုင်ငံ

ယခင်နှစ်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ၂၀၁၄ ခုနှစ်ကနေ လက်ရှိကာလအထိ ၅ နှစ်အတွင်းမှာ ဆန်ဈေးဟာ တစ်အိတ်လျှင် ၃,၂၀၀ ကျပ်မှ ၇,၀၀၀ ကျပ်အထိ
အသီးသီး ဈေးတက်လာနေပါတယ်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.