Thursday, 06 June 2019 07:50

 

dollar_1.jpg

မေလ ၂ ရက်နေ့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်များအရ ဒေါ်လာငွေ လဲလှယ်နှုန်းဟာ တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၅၂၃ ကျပ် ရှိခဲ့ပြီး
ဇွန်လအစမှာ ၁၅၃၂ ကျပ် ဖြစ်လာခဲ့ပါတယ်။

မြန်မာငွေ ၉ ကျပ်ခန့်သာ မြင့်တက်လာခြင်း ဖြစ်ပြီး မေလအတွင်းမှာ ဒေါ်လာဈေး ထိုးတက်သွားတာမျိုး၊ ထိုးကျသွားတာမျိုး မရှိပဲ ပုံမှန်အတိုင်း ဈေးငြိမ်နေတာကို
တွေ့ရပါတယ်။

အစိုးရဘဏ်များ >>> http://bit.ly/2M2QmOf

ပုဂ္ဂလိကဘဏ်များ >>> http://bit.ly/2wfwWLD

ယနေ့ ဇွန်လ ၆ ရက်နေ့ ဗဟိုဘဏ်က ထုတ်ပြန်တဲ့ ဒေါ်လာဈေးနှုန်းက ၁၅၂၆ ကျပ် ( အရောင်း/အဝယ် ) ဖြစ်ပြီး ပုဂ္ဂလိကဘဏ်တွေထက်စာရင်တော့ ဈေးအနည်းငယ်
ပိုများလေ့ ရှိပါတယ်။

ဧရာဝတီဘဏ် - AYA Bank မှာဆိုရင် ၁၅၁၇ ကျပ် ( အဝယ်) နဲ့ ၁၅၂၄ ကျပ် ( အရောင်း )၊
ကမ္ဘောဇဘဏ် - KBZ Bank မှာဆိုရင် ၁၅၁၀ ကျပ် ( အဝယ်) နဲ့ ၁၅၂၃ ကျပ်
( အရောင်း )၊ သမဝါသမဘဏ် - CB ဆိုရင် ၁၅၁၆ ကျပ် ( အဝယ်) နဲ့ ၁၅၂၄ ကျပ် ( အရောင်း ) စသဖြင့် ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းဝယ်နေပါတယ်။

Read More >>> အောင်စာရင်း ကြည့်ရှုနိုင်မည့် ကျောင်းများနှင့် ပညာရေးမှူးရုံးများ၏ တည်နေရာနှင့် ဖုန်းနံပါတ်များ

ဇွန်လထဲမှာလည်း လက်ရှိနှုန်းအတိုင်း ဆက်လက် အရောင်းအဝယ် ပြုလုပ်နိုင်မယ့် အနေအထားရှိပြီး ဈေးအတက်အကျ အနည်းငယ်သာ ရှိနေနိုင်ပါတယ်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.