Friday, 31 May 2019 10:04

 

gold.jpg

မေလ ၂၀ ရက်နေ့တွင် ကမ္ဘာ့ရွှေဈေးသည် အမေရိကန်ဒေါ်လာ ၁၂၇၇ ဒေါ်လာရှိနေရာမှ အတက်အကျ ဖြစ်နေခဲ့ပြီး လက်ရှိအချိန်တွင် ၁၂၉၃ ဒေါ်လာထိ မြင့်တက်လာခြင်း ဖြစ်သည်။

နှစ်ပတ်အတွင်း ၁၆ ဒေါ်လာထိ မြင့်တက်ခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်းအခေါက်ရွှေဈေးနှင့် ၁၅ပဲရည် ရွှေဈေးနှုန်းများသည် အတက်အကျသိပ်မရှိသဖြင့် ပုံမှန်အတိုင်း အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း ပြည်တွင်းရွှေဈေးကွက်မှ သိရသည်။

ရန်ကုန်မြို့ရှိ ရွှေဆိုင်များ >>> http://bit.ly/2XnMJnC

ပြည်တွင်းအခေါက်ရွှေဈေးသည် မေလ ၂၀ ရက်တွင် ကျပ် ၁,၀၅၁,၀၀၀ ရှိနေကာ မေလ ၃၁ ရက်တွင်လည်း ၄င်းဈေးအတိုင်း ဆက်လက် အရောင်းအဝယ် ပြုလုပ်နေပြီး ပြည်တွင်း ၁၅ပဲရည် ရွှေဈေးမှာမူ ၉၈၉၂၀၀ ကျပ်မှ ၉၈၉၈၀၀ ကျပ်သို့ အနည်းငယ် မြင့်တက်လျက် ရှိသည်။

 


Read 29 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.