Tuesday, 28 May 2019 07:24

 

bus_car.jpg

အရည်အသွေးမြင့် ဘတ်စ်ကားများ ထောက်ပံ့ပေးမည့် ပထမဆုံး ပြည်ပဘတ်စ်ကားထုတ်လုပ်မှုစက်ရုံကို စင်ကာပူ၏ SC Auto က မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်စက်မှုဇုန်တွင် စတင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

“SC Auto Myanmar ဟာ စင်ကာပူပြင်ပမှာရှိတဲ့ ကျွန်မတို့ရဲ့ ပထမဦးဆုံးသော ကားထုတ်လုပ်မှုစက်ရုံဖြစ်ပါတယ်။ ဘတ်စ်ကားတစ်စီးလုံးအစမှ အဆုံးထိပြီးပြည့်စုံအောင် တည်ဆောက်နိုင်တဲ့အတွက် ဒီမြန်မာစက်ရုံဟာ နိုင်ငံခြားဈေးကွက်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက်လည်း အဆင်သင့်ဖြစ်ပါတယ်။ ထုတ်လုပ်မှုရဲ့ ၅ဝ ရာခိုင်နှုန်းကို မြန်မာပြည်ဈေးကွက်အတွက် ရည်ရွယ်ပြီး ကျန်တဲ့ရာခိုင်နှုန်းကိုတော့ ပြည်ပဈေးကွက်ကို တင်ပို့ရောင်းချဖို့ မျှော်မှန်းထားပါတယ်” ဟု SC Auto ၏ မန်နေဂျင်းဒါရိုက်တာ Ms.Rachel Lee က ပြောသည်။

ရန်ကုန်မြို့ရှိ ကားဆေးမှုတ်လုပ်ငန်းများ >>> http://bit.ly/2Mdpr2y 

မြန်မာနိုင်ငံရှိ ထုတ်လုပ်မှုစက်ရုံအနေဖြင့် ၄ ဒသမ ၆၅ ဧကရှိပြီး အမေရိကန် ဒေါ်လာ သန်း ၃ဝ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ SC Auto Myanmar မှ တစ်နှစ်လျှင် SC Neustar ဘတ်စ်ကားအစီးရေ ၆ဝဝ ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဒေသခံလုပ်သား ၁ဝဝ ခန့်ရှိပြီး အချို့ကို မြန်မာနိုင်ငံရှိ စက်ရုံတွင် လုပ်ကိုင်ရန် စင်ကာပူရှိ SC Auto စက်ရုံ၌ လေ့ကျင့်သင်ကြားထားကြောင်းသိရသည်။ မြန်မာနိုင်ငံ၌ ထုတ်လုပ်မည့် ဘတ်စ်ကားများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး နှစ်နှစ် သို့မဟုတ် ကီလို ၆ဝဝဝဝဝ အာမခံပေးထားကြောင်း သိရသည်။

ပိုင်ရှင်မဲ့ လမ်းဘေးခွေးများကို ခွေးဂေဟာသို့ပို့ဆောင်ပေးမည်

SC Auto သည် လွန်ခဲ့သော ၁၉၉၆ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး အရည်အသွေးမြင့် ဘတ်စ်ကားများနှင့် အဆင့်မြင့်အဝေးပြေးယာဉ်များကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲကာ ထုတ်လုပ်နိုင်သော စင်ကာပူအခြေစိုက်ကုမ္ပဏီဖြစ်ကြောင်း သိရသည်။

Source : Pyi Myanmar


Read times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.