Friday, 17 May 2019 10:05

YBS_22.jpg

 

ခရီးသည်များ အဆင်ပြေစေရန် YBS ယာဉ်လိုင်းများကို ည၁၀နာရီအထိ ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။

“YBS နဲ့ ပတ်သက်ပြီး ည ၁၀ နာရီအထိ ပြေးဆွဲဖို့ လုပ်ထားပေမယ့် ဒါကိုမလိုက်နာနိုင်တဲ့အတွက် ယာဉ်အားလုံး ထိန်းသိမ်းရတာ အားနည်းနေသေးတယ်။ ကျွန်တော့်ဘက်ကတော့ ၁၀ နာရီတိုးရေး ဆက်လက်ကြိုးပမ်းသွားမယ်။ မီနီဘတ်စ်လိုင်းတွေကို နောက်ပိုင်း ကားကြီးတွေကို ပြောင်းမယ်။ ၁၀ နာရီအထိ သတ်မှတ်ချက်အတိုင်း ပြေးနိုင်အောင်လုပ်နေတယ်။ အဲဒီထက်တိုးမြှင့်ပြီး ၁၁နာရီ ၁၂ နာရီ အထိတော့ မလုပ်နိုင်သေးပါဘူး”ဟု ၄င်းက ဆိုပါတယ်။

အဆိုပါ YBS ယာဉ်လိုင်းများအနေနှင့် ယခုလက်ရှိတွင် ည ၉ နာရီအထိသာ ပြေးဆွဲလျက်ရှိပြီး ယဉ်လိုင်းအချို့ဖြစ်သည့် YBS (၂၀)၊ (၈၃)၊ (၉၈)၊ (၉၉) နှင့် YBS YBS Airport Shuttle (လေဆိပ်မှ ဆူးလေ) ယာဉ်လမ်းကြောင်းကို ၂၄ နာရီ ဝန်ဆောင်မှုဖြင့် ပြေးဆွဲနေကြောင်း YRTA ထံမှ သိရပါတယ်။

ယခုလက်ရှိတွင် ည ၈ နာရီ နောက်ပိုင်း ကြားကား (အောက်ဆိုဒ်) များ ပြေးဆွဲလျက်ရှိပြီး ယင်းကြားကားများမှာ ဆူးလေမှ သာကေတ၊ ဆူးလေမှ မြောက်ဥက္ကလာပ၊ ဆူးလေမှ ရွှေပြည်သာ၊ ဆူးလေမှ အင်းစိန်၊ ဆူးလေမှ ဒဂုံမြို့သစ်မြောက်ပိုင်း၊ တာမွေဈေးမှ ဒဂုံမြို့သစ်တောင်ပိုင်း၊ တာမွေဈေးမှ သန်လျင်နှင့် မင်္ဂလာဈေးမှ သာကေတလမ်းကြောင်းများတွင် ည ၈ နာရီမှ ည ၁၂ ကျော်အထိ ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀ ဈေးနှုန်းဖြင့် ပြေးဆွဲလျက်ရှိကြောင်း ယင်းကြားကားကို အသုံးပြုနေရတဲ့ ခရီးသွားများက ပြောပါတယ်။

ကြိုတင်ဝင်ငွေခွန်ကို ယခုလမှ စ၍ ပြန်လည်ကောက်ခံမည်

၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်က စတင်ကာ Omni Focus Transport Service ၏ ယာဉ်လိုင်းခွဲများဖြစ်သော YBS (၂၀) လှိုင်သာယာမှ ကြယ်ငါးပွင့်၊ (၈၃) လှိုင်သာယာမှ တောင်ဒဂုံ၊ (၉၈) ဒဂုံဧရာအဝေးပြေးမှ လမ်း ၅၀၊ (၉၉) ဒဂုံဧရာအဝေးပြေးမှ မြောက်ဒဂုံ ယာဉ်လိုင်းများ ၂၄ နာရီ ပြေးဆွဲလျက်ရှိပြီး ယင်းအပြင် YBS Airport Shuttle (လေဆိပ်မှ ဆူးလေ) ယာဉ်လမ်းကြောင်းကို ၂၀၁၈ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှစ၍ ၂၄ နာရီ ဝန်ဆောင်မှုဖြင့် ပြေးဆွဲနေကြောင်း သိရပါတယ်။

ယင်း ၂၄ နာရီ ပြေးဆွဲပေးနေသည့် YBS ယာဉ်လိုင်းများအနေနှင့် ညအချိန် ပြေးဆွဲရာတွင် တရားမဝင် ကြားကားများ၏ ရန်ရှာမှု၊ ခြိမ်းခြောက်မှုနှင့် နှောင့်ယှက်မှုကို ခံနေရကြောင်း ယာဉ်မောင်းများထံမှ သိရပါတယ်။

Source : the voice


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.