Friday, 17 May 2019 05:27

 

CB.jpg

CB ဘဏ်၊ တယ်လီနော (မြန်မာ)နှင့် ဗီဇာတို့ ပူးပေါင်းပြီး CB-Telenor co-branded Visa အကြွေးဝယ်ကတ် (credit cards) များကို ယခုလမှစ၍ လျှောက်ထားအသုံးပြုနိုင်ပြီ ဖြစ်ကြောင်း တယ်လီနောမြန်မာအမှုဆောင် အရာရှိချုပ် Mr Sharad Mehrotra က ပြောသည်။

"ဒီဝန်ဆောင်မှုက ပြည်တွင်းမှာ ငွေသားမဲ့ ငွေပေးချေမှုစနစ် ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်"ဟု ၄င်းက ပြောသည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် CB ဘဏ်နှင့် တယ်လီနောတို့ အကြား မဟာဗျူဟာကျသည့် လက်တွဲဆောင်ရွက်မှုဖြစ်ပြီး ငွေကြေးကဏ္ဍဖြစ်ထွန်းရေးကို အထောက်အကူဖြစ်စေမည်ဟု CB ဘဏ် အမှုဆောင်အရာရှိချုပ် ဦးကျော်လင်းက ပြောသည်။

"ငွေသားသုံးစရာမလိုတဲ့ cashless society စနစ်တစ်ခုပေါ်ထွန်းရေးကို အထောက်အကူပြုမှာဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။

ထိုအကြွေးဝယ်ကတ်များကို လျှောက်ထားအသုံးပြုလိုသူများသည် https://cardapp.cbbank.com.mm/telenor-star မှတစ်ဆင့် လျှောက်ထားနိုင်သလို CB ဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲများတွင်လည်း ကိုယ်တိုင်သွားရောက်လျှောက်ထားနိုင်မည်ဖြစ်သည်။

အဆိုပါ အကြွေးဝယ်ကတ်ကို တယ်လီနော ပလက်တီနမ်အဆင့် အသုံးပြုသူများ လျှောက်ထားပါက ပထမငါးနှစ်အတွက် နှစ်စဉ်ကြေး အခမဲ့ဖြစ်ပြီး ကတ်ထုတ်ပေးခကိုလည်း ၅၀ ရာခိုင်နှုန်း လျှော့ပေါ့ခံစားခွင့် ရရှိမည်ဖြစ် ကြောင်း Mr Sharad Mehrotra က ပြောသည်။

ယာဉ်လုပ်ငန်းဆိုင်ရာ မူဝါဒတွင် ပါဝင်သော ပြည်ပဈေးကွက်သို့ ပြန်လည်တင်ပို့နိုင်ရေး မျှော်မှန်းချက်

အဆိုပါ co-branded အကြွေးဝယ်ကတ်များသည် ဗီဇာက ထုတ်လုပ်ထားသည့်အတွက် ကမ္ဘာတစ်ဝန်းရှိ ဈေးဝယ်နေရာပေါင်း ၅၃ သန်းကျော်တွင် အသုံးပြုနိုင်မည်ဖြစ်ပြီး ပြည်တွင်းရှိ ဗီဇာကတ် လက်ခံသည့် နေရာတိုင်းတွင်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။

Source : Myanmar Times


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.