Friday, 17 May 2019 02:52

 

Electricity

တရုတ်နိုင်ငံမှ လျှပ်စစ် မဂ္ဂါဝပ် ၁,ဝ၀ဝ ကို အမြန်ဆုံး ဝယ်ယူသွားမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောပါတယ်။

ပြည်တွင်းလျှပ်စစ် လိုအပ်ချက် ဖြည့်ဆည်းရန်နှင့် ပြည်ပသို့ ပြန်လည်ရောင်းချနိုင်ရန်အတွက် ဝယ်ယူခြင်းဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

"မဂ္ဂါဝပ် ၁၀ဝ၀ က ကျွန်တော်တို့ လိုအပ်ချက်အတွက်လည်း ဖြည့်မယ်။ ပြီးရင် ကျွန်တော်တို့ဆီကတစ်ဆင့် ကျန်တဲ့နိုင်ငံကို ရောင်းဖို့အတွက်လည်း စီမံမှာပေါ့။ မဂ္ဂါဝပ် ၁၀ဝ၀ စလုံး ကျွန်တော်တို့ သုံးလို့ မရနိုင်ဘူး"ဟု ၎င်းက ပြောပါတယ်။

လျှပ်စစ်ဓာတ်အား ဝယ်ယူရာတွင် စီးပွားရေး တွက်ခြေကိုက်မှုရှိ၊ မရှိနှင့် အကျိုးအမြတ် ရှိမရှိတို့ကို အခြေခံ၍ အဓိကထား စဉ်းစားဆောင်ရွက်နေပြီး လက်ရှိတွင် လျှပ်စစ်လိုအပ်နေတဲ့အတွက် အမြန်ဆုံး စီမံပေးရမှာ ဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြည့်တင်းနိုင်ရေးအတွက် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူနိုင်ရေး နားလည်မှုစာချွှန်လွှာကို နှစ်နိုင်ငံအကြား ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ကလည်း တူရကီက လျှပ်စစ်ဓာတ်အားပေး သင်္ဘောဖြင့် ရန်ကုန်ကို လျှပ်စစ်ဓာတ်အားပေးရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် တူရကီ ကုမ္ပဏီတို့အကြား ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ယခုအချိန်ထိ ဓာတ်အားဝယ်ယူမှု တစ်စုံတစ်ရာ ထွက်မလာသေးပေ။

မိုးမကျခင် ခရီးတစ်ခုသွားတဲ့အခါ ဘာတွေ ဘယ်လိုပြင်ဆင်သွားသင့်လဲ

"ပြည်သူလက်ခံနိုင်တဲ့ ဈေးနှုန်းဖြစ်အောင် စီစဉ်ပေးရတယ်။ ဝယ်ချင်တိုင်း ဝယ်လို့မရဘူး။ နိုင်ငံတော်က ဘယ်လောက်အရှုံးခံ စိုက်ထုတ်နေတယ်ဆိုတာ ချပြထားပြီးဖြစ်တယ်။ အဲဒီတော့ မျှတသင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းမယ့်သူကို ဝယ်မှာ"ဟု ဦးစိုးမြင့်က ပြောသည်။

ရေအားလျှပ်စစ် စီမံကိန်းများ လျာထားခြင်း ရှိသော်လည်း အချိန်တိုတွင်း မပြီးစီးနိုင်သည့်အတွက် လက်ရှိ ကာလတွင် နိုင်ငံတော်က လျှပ်စစ် မဂ္ဂါဝပ် ၆၀ဝ ခန့် လိုအပ်နေပြီး လာမယ့်နှစ်တွင် မဂ္ဂါဝပ် ၁၅၀ဝ ခန့် လိုအပ်လာမည်ဟု ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

Source : Myanmar Times


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.