Thursday, 16 May 2019 07:18

housing.jpg

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ခန်းပေါင်း ၃၀၀ကျော်ကို ဒုတိယအသုတ်အဖြစ် ရောင်းချသွားမှာ ဖြစ်ပြီး ၀ယ်ယူခွင့်ရရှိသူများစာရင်းကို ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းရှိ Yangon Gallery တွင် မေလ ၁၄ရက်မှ ၃၀ရက်အထိ အသိပေးကြေညာထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

"ပထမအသုတ်ရောင်းပေးထားတဲ့အခန်းတွေက နေထိုင်လို့ရပါပြီ။ နေထိုင်ခွင့် လက်မှတ်တွေလည်း စထုတ်ပေးနေပါတယ်" ဟု အိမ်ရာစီမံရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အိမ်ခန်းများရောင်းချပေးရာတွင် မြောက်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံ(တောင်)၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ သင်္ဃန်းကျွန်းမြို့နယ်များမှ တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၂၂၀နှင့် တန်ဖိုးသင့်အိမ်ရာ အခန်းပေါင်း ၁၀၅ ခန်းတို့ကို ရောင်းချပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

အူရီဒူးမြန်မာ နဲ့ ZTE Corporation တို့ ပူးပေါင်းကာ 5G ကွန်ရက်ဖြန့်ကြက်နိုင်ရန် ဆောင်ရွက်

ဝယ်ယူခွင့်ရရှိသူများအနေဖြင့် အိမ်ရာရွေးချယ် ဆန္ဒပြု ခြင်းနှင့် ၀ယ်ယူမည့်စနစ်( အကြေပေးသွင်းခြင်း သို့မဟုတ် ဘဏ်ချေးငွေရယူခြင်း) ဆန္ဒပြုခြင်းများကို မေလ ၂၀ရက်မှ ၃၁ရက်အတွင်း Yangon Gallery သို့ ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခန်းများ မဲနှိုက်ခြင်း ကို ဇွန်လ ပထမပတ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Source : Pyi Myanmar


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.