Thursday, 16 May 2019 05:09

 

MOU_Exchanging-Ooredoo_Acting_CEO_and_ZTE_CEO_witness_Ooredoo_CTIO_and_ZTE_Corp_SVP_1.jpeg

အူရီဒူးမြန်မာ နဲ့ ZTE Corporation တို့ ပူးပေါင်းပြီး 5G ကွန်ရက် ဖြန့်ကြက်ပေးနိုင်ရန်အတွက် နားလည်မှုစာချွန်လွှာကို မေလ (၁၅) ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုဟာ အူရီဒူးလုပ်ငန်းစု၏ ခေတ်နှင့်အမီ ကွန်ရက်ဖြန့်ကြက်ခြင်းအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး “5G ကဏ္ဍတိုးတက်ပြောင်းလဲ ဖော်ဆောင်ရေး” တွင် မြန်မာနိုင်ငံအနေဖြင့် အဆင်သင့်ဖြစ်စေရန် စနစ်ကျနသေချာစွာ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

အူရီဒူးမှ မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်စနစ် ကူးပြောင်းရေးခရီးစဉ်အတွက် ပံ့ပိုးကူညီမှုကိုပြသတဲ့အနေဖြင့် မြန်မာ့ 5G ကဏ္ဍအတွက် ဆောင်ရွက်ပေးရန် ZTE နဲ့ လက်တွဲလုပ်ဆောင်တဲ့ ပထမဦးဆုံးသော ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပါတယ်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုဟာ ZTE Corporation ရဲ့ နည်းပညာကျွမ်းကျင်မှုကို အသုံးပြုပြီး မြန်မာပြည်သူပြည်သားများအတွက် နိုင်ငံတကာအဆင့်မီ ဆက်သွယ်ရေး အခြေခံအဆောက်အအုံ ပြည့်စုံစေရန် အထောက်အပံ့ပေးမယ့် အူရီဒူးမြန်မာ၏ ကြိုးစားအားထုတ်မှုကို ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။

YBS အစီးရေ ၄၃၀၀ ခန့်က နေ့စဉ် ခရီးသည်ပေါင်း ၁.၈သန်း ပို့ဆောင်ပြေးဆွဲပေးနေ

ပူးပေါင်းဆောင်ရွက်မှုရဲ့ ကနဦးအနေဖြင့် အူရီဒူးမြန်မာ နဲ့ ZTE Corporation တို့ဟာ 5G ကွန်ရက်ကို ဖြန့်ကြက်နိုင်ရန်အတွက် ပတ်ဝန်းကျင်အလိုက် အလားလာရှိနိုင်တဲ့ စမ်းသပ်စစ်ဆေးချက်တွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကွန်ရက်ကို အသုံးပြုနိုင်ရန် စတင်သည့်အချိန်တွင် အကောင်းဆုံးအရည်အသွေးရှိတဲ့ ၀န်ဆောင်မှုကို ပေးနိုင်မယ့် နည်းပညာတစ်ခု ဖြစ်စေရန်အတွက် ပတ်ဝန်းကျင်အလိုက် စမ်းသပ်စစ်ဆေးချက်တွေကို အသုံးချပြီး 5G ကွန်ရက်၏ စွမ်းရည်ကို သုံးသပ်မှာ ဖြစ်ပါတယ်။


Read 26 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.