Tuesday, 14 May 2019 04:45

 

dollar.jpg

ပြည်တွင်း ငွေကြေးဈေးကွက်တွင် ဒေါ်လာ တန်ဖိုး ၂ ရာခိုင်နှုန်းခန့် ပြန်လည်မြင့်တက်ပြီး မေလ ၁၃ ရက်၌ တစ်ဒေါ်လာ ၁,၅၃၅ ကျပ်သို့ ရောက်လာ သည်။


မေလဆန်းက တစ်ဒေါ်လာ ကျပ် ၁,၅၀၀ ခန့်သာ ရှိသော်လည်း နှစ်ပတ်အတွင်း ပြန်လည်မြင့်တက်လာသည်။

‘‘ဒေါ်လာက လလယ်ပိုင်းဆို တက်တယ်။ လကုန်ရက် အထည်ချုပ်တို့၊ ဘာတို့က ငွေဝင်လာရင် ပြန်ကျလေ့ရှိတယ်’’ ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေး က ပြောသည်။

ဈေးကွက်အတွင်း ဒေါ်လာတန်ဖိုးမြင့်သကဲ့သို့ ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းလည်း တစ်ဒေါ်လာ ၁,၅၃၇ ကျပ်သို့ ရောက်ရှိခဲ့သည်။

သန်လျင်တံတားသစ် တည်ဆောက်ရန် သာကေတအ၀ိုင်းမှ ရှုခင်းသာမြို့ပတ်လမ်းထိ လမ်းပိတ်ထားမည်

ဒေါ်လာတန်ဖိုးတက်သကဲ့သို့ ပြည်တွင်းရွှေဈေးလည်း မေလအတွင်း ၁ ရာခိုင်နှုန်းကျော် မြင့်တက်လာသည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးတက်ရခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်အချို့က ပြောသည်။ ကမ္ဘာ့ရွှေဈေးက မေလ ၁၃ ရက်တွင် တစ်အောင်စလျှင် ၁,၂၈၄ ဒေါ်လာဈေးဖွင့်သည်။

ပြည်တွင်းဈေးကွက်တွင် ရွှေဈေးသည် မေလဆန်းက အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ဆယ်သိန်းသုံးသောင်းခွဲမှ မေလ ၁၃ ရက်တွင် ကျပ်ဆယ်သိန်းငါးသောင်းနှစ်ထောင်သို့ ရောက်လာသည်။

Source : 7day daily


Read 26 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.