Friday, 15 March 2019 11:01

cf.jpg


CarsDB နှင့် Toyota TSUSHO တို့ ပူးပေါင်း၍ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမော်တော်ယာဉ်လေလံပွဲကြီး Auto Auction Fair 2019 ကို မတ်လ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ မိုင်ဒါကွင်း (မြို့မကွင်း) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ကားဝယ်လိုသူများ၊ ကားရောင်းချလိုသူများ၊ ကားလုပ်ငန်းရှင်များနှင့် ကားချစ်သူများအားလုံးအတွက် မြန်မာနိုင်ငံ၏ ပထမဆုံးကားလေလံပွဲတစ်ခုဖြစ်လာမည်ဟု ယုံကြည်ထားကြောင်း CarsDB က ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာမော်တော်ယာဉ်လေလံပွဲ အတွေ့အကြုံများကို မြန်မာပြည်သူပြည်သားများ ရရှိစေနိုင်ရန်လည်းကောင်း၊ ကားဝယ်လိုသူများအတွက် အကောင်းဆုံးကားကို အသက်သာဆုံးနှုန်းထားဖြင့် ရွေးချယ်ဝယ်ယူခွင့်ရရှိနိုင်စေရန်လည်းကောင်း၊ ကားရောင်းချလိုသူများအတွက် ကားများစွာကို ထိုက်သင့်သည့်ဈေးနှုန်းဖြင့် အမြန်ဆုံးရောင်းချခွင့် ရရှိစေရန်လည်းကောင်း ရည်ရွယ်၍ မော်တော်ယာဉ်လေလံပွဲ ကျင်းပခြင်းဖြစ်ကြောင်း CarsDB ၏ တာဝန်ရှိသူက ပြောပါတယ်။

မော်တော်ယာဉ်လေလံပွဲသို့ လာရောက်ကြည့်ရှုသူများဟာ ကားထုတ်လုပ်ရေးလောကမှာ နှစ်ပေါင်း ၇၀ ကျော်ကြာကျင်လည်လာခဲ့တဲ့ Toyota Tsusho ရဲ့ အကောင်းဆုံးအရည်အသွေးရှိ Inspection စနစ်နှင့် ကားလေလံစနစ်၊ CarsDB ၏ online လေလံစနစ်တို့ကို အသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။

cf2.jpg

မြန်မာနိုင်ငံရဲ့ အကြီးဆုံးနဲ့ ပထမဆုံး online မော်တော်ယာဉ်လေလံပြွဲကီးမှာဆိုရင် လေလံတင်ချင်တဲ့ မည်သည့် ကားအမျိုးအစားကိုမဆို စိတ်ကြိုက်ဈေးနဲ့ဝယ်သူလက်ထဲအရောက်ရောင်းချ ပေးသွားနိုင်မည့်အပြင် ၀ယ်သူအ နေနဲ့လည်း စိတ်ကြိုက်ကားတွေကို ရွေးချယ်ပြီး ကြမ်းခင်းဈေးမှစကာ စိတ်ကြိုက်ဈေးပေးအပြိုင်ဝယ်ယူ သွားနိုင်တာကြောင့် စိတ်လှုပ်ရှားစရာတွေ ရရှိသွားမယ့် ပွဲကြီးပဲဖြစ်ပါတယ်။

လာရောက်ကြည့်ရှုသူများကလည်း မော်တော်ယာဉ်လေလံ၊ မော်တော်ယာဉ်အာမခံနှင့် မော်တော်ယာဉ်နှင့် ဆက်စပ်သည့် ဘဏ္ဍာရေးဝန်ဆောင်မှုများအားလုံးကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။

CarsDB ဟာ မော်တော်ယာဉ်ရောင်းသူနှင့် ဝယ်သူများကို online မှ တဆင့် တိုက်ရိုက်ချိတ်ဆက်ပေးနေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ကားနှင့်ပတ်သက်သော ဆက်စပ်ပစ္စည်းများ၊ ပြည်တွင်းလမ်းပန်းဆက်သွယ်ရေးနှင့် မော်တော်ယာဉ်သတင်းများ၊ သုံးသပ်ချက်များ၊ဆောင်းပါးများ၊ အသိပေးမှုများ၊ ကားလမ်းညွှန်နှင့် အခွန်နှင့်သက်ဆိုင်သော သတင်းများတင်ဆက်ခြင်းကိုလည်း လုပ်ဆောင်နေကြောင်း သိရပါတယ်။

Source: Myanmar Business Today
: Auto Auction Fair 2019's facebook page


Read 45 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.