Thursday, 14 March 2019 03:16

Facebook-down-1099668.jpg

Facebook နဲ့ instagram အသုံပြုသူတွေဟာကမ္ဘာတစ်ဝန်းမှာ messenger မှာ စာပို့ မရတာတွေ၊ Page manager မှာ စာပြန်ပို့မရတာတွေ၊ Cmt မရတာ post တင်မရတာ၊ Myday တင်မရတာတွေ၊Video တောင် တင်မရတဲ့  ပြသာနာတွေနဲ့  ကြုံတွေ့ နေရပါတယ်။ Facebook ကို Rassia hacker နဲ့  china hacker တွေက attack လုပ်ခံနေတယ်လို့ လည်းအများစုကထင်ကြေးပေးကြပါတယ်။

အကယ်လို့ သာ facebook သာ down သွားခဲ့ ရင် Twitter က ရှယ်ယာတွေ ဈေးတက်လာနိုင်မှာဖြစ်ပါတယ်။တိုက်ဆိုင်မှုတစ်ခု ထပ်ရှိနိုင်သေးတာက Facebookဟာ ကိုယ်ပိုင် အွန်လိုင်းငွေကြေးစနစ်ကိုဖန်တီးပြီး ကမ္ဘာ့အကြီးဆုံးဘဏ်ဖြစ်လာဖို့ ကြိုးစားနေပါတယ်။နယူးယောက်တိုင်းမ်စ်သတင်းကဖော်ပြချက်အရ Facebook ကသူပိုင်ဆိုင်ထားတဲ့ Messenger, WhatsApp နဲ့ Instagram တွေမှာ သုံးစွဲသူတွေကြားထဲမှာ ၀န်ဆောင်မှုစတင်မှာဖြစ်ပါတယ်လို့သိရပါတယ်။

images.jpeg

 

ဒါ့အပြင် ပြိုင်ဘက်စာပို့ဝန်ဆောင်မှု app တွေဖြစ်တဲ့ Telegram နဲ့ Signal တို့ကို ယှဉ်ပြိုင်ဖို့ ရည်ရွယ်တာလည်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ Telegram က အွန်လိုင်းငွေကြေးစနစ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁.၇) ဘီလျံရင်းနှီးမြုပ်နှံတာကို သိရှိခဲ့ပြီးတဲ့အချိန်ကစလို့ သူ့ကိုယ်ပိုင် အွန်လိုင်းငွေကြေးစနစ်ကို တိတ်တဆိတ်ဖန်တီးနေခဲ့တာပါ။ဒီလို သတင်းထွက်ပြီးမကြာမီအခုလို တိုက်ခိုက်ခံခဲ့ ရတာပဲဖြစ်ပါတယ်။

သိုပေမဲ့  Facebook ဘက်ကတိကျတဲ့ သတင်းထုတ်ပြန်ချက်တော့မရှိသေးပါဘူး။အချိန်နဲ့ တပြေးညီFacebook ရဲ့ Update သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Ref: US Today 

Phyo Sat Paing

 

Related : ကမ္ဘာ့အကြီးဆုံးဘဏ်ဖြစ်လာဖို့ ပြင်ဆင်နေတဲ့ Facebook


Read 66 times Last modified on Thursday, 14 March 2019 07:01
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.