Wednesday, 13 March 2019 10:34

mcb-min.jpg

 

မြန်မာနိုင်ငံသားများဘဏ် (MCB) နှင့် MoneyGram တို့ ပူးပေါင်းကာ ပြည်တွင်းရှိ မြန်မာနိုင်ငံသားများဘဏ်၏ ဘဏ်ခွဲများ ရှိသောနေရာတိုင်းတွင် ငွေပို့ငွေလွှဲ ဝန်ဆောင်မှုပေးရန် သဘောတူညီမှု စာချုပ်အား လက်မှတ်ထိုးခဲ့ကြောင်း မတ်လ ၁၂ရက်တွင် သိရပါတယ်။


MoneyGram ဝန်ဆောင်မှုအား အသုံးပြုသူများအနေဖြင့် မြန်မာနိုင်ငံသားများဘဏ် ဘဏ်ခွဲ ၄၂ ခုမှနေ၍ ကမ္ဘာတစ်ဝှမ်းရှိ MoneyGram ဝန်ဆောင်မှုပေးသော နိုင်ငံပေါင်း ၂၀၀ကျော်ရှိ နယ်မြေဒေသများသို့ ငွေပေးပို့ နိုင်တော့မည်ဖြစ်ကြောင်း သိရပါတယ်။

moneygram-min.jpg

"မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေက နှစ်ပေါင်းများစွာ MoneyGram ဝန်ဆောင်မှုကို အသုံးပြုပြီး နိုင်ငံရပ်ခြားမှာ နေထိုင်အလုပ်လုပ်တဲ့ မိသားစု၊ မိတ်ဆွေတွေက ပေးပို့တဲ့ ငွေတွေကို လက်ခံရရှိခဲ့ကြပါတယ်။ ယခုအခါမှာတော့ ကျွန်တော်တို့ MoneyGram က မြန်မာ နိုင်ငံမှာ နေထိုင်တဲ့ ပြည်သူတွေကလည်း နိုင်ငံရပ်ခြားမှာရှိနေတဲ့ သူတို့ချစ်တဲ့သူတွေဆီကို ငွေပို့နိုင်မယ့် အဆင်ပြေချောမွေ့တဲ့ ဝန်ဆောင်မှုတွေကိုပေးသွားတော့မှာ ဖြစ်ပါတယ်" လို့ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများရှိ MoneyGram ၏ အကြီးအကဲဖြစ်သူ Mr. Sukesh Malliah က ပြောခဲ့ပါတယ်။

MoneyGram မှ မြန်မာပြည်မှ ပြည်ပသို့ ငွေပို့ငွေလွှဲ ဝန်ဆောင်မှုအား ပထမဆုံးအနေဖြင့် စတင်မိတ်ဆက်ခြင်းဟာ ဘဏ္ဍာရေးဝန်ဆောင်မှု တိုးတက်လာသည့် ပြယုဒ်တစ်ရပ်ပင် ဖြစ်ပြီးသဘောတူ ညီမှုစာချုပ်လက်မှတ်ရေးထိုးခြင်း ပြီးမြောက်မှုအနေဖြင့် MoneyGram မှ မြန်မာနိုင်ငံရှိ ငွေပို့ ငွေလွှဲ ဝန်ဆောင်မှု အသုံးပြုပြီးသူများအတွက် ငွေကျပ် ၂၃,၉၉၀ ပရိုမိုးရှင်းအစီအစဉ်နှင့် MoneyGram Power Bank အား ရယူနိုင်မည့် အခွင့်အရေးများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ကမ္ဘာ့ဘဏ်မှပြောကြားချက်များအရ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ငွေလွှဲမှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၄၂၀ ကျော် ရှိခဲ့ပြီးငွေပေးပို့အများစုမှာ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သို့ ဖြစ်ကြောင်း သိရပါတယ်။

Source: Pyi Myanmar


Read 63 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.