Wednesday, 13 March 2019 09:03

 

saisai-min.jpg

ကမ္ဘာတစ်ဝန်း ဒီဂျစ်တယ်ငွေပေးချေမှုလုပ်ငန်း နယ်ပယ်တွင် ဦးဆောင်နေသည့် Visa ဟာ မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်ငွေပေးချေမှု ပိုမိုများပြားလာစေရန်ရည်ရွယ်၍ နိုင်ငံကျော်အနုပညာရှင် စိုင်းစိုင်းခမ်းလှိုင် အား ဈေးကွက်လှုပ်ရှားမှုကမ်ပိန်းတွင် Visa ၏ ကိုယ်စားပြု Brand Ambassador အဖြစ် မတ်လ ၁၂ရက်နေ့က ခန့်အပ်လိုက်ပါတယ်။

ယင်း Contactless ကတ် မိတ်ဆက်ပွဲအခမ်းနားကို မတ်လ ၁၂ ရက်နေ့က ကမ္ဘာအေးဘုရားလမ်းရှိ Melia ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်စီပွားရေးကဏ္ဍ တိုးတက်လာသည့်အလျောက် ငွေသားကိုင်တွယ်သုံးစွဲမှုဟာလည်း လျော့ကျလာခဲ့ရာ ယခုကဲ့သို့ စိုင်းစိုင်းခမ်းလှိုင်ကို Brand Ambassador ခန့်အပ်ကာ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဒီဂျစ်တယ်ငွေပေးချေမှုစနစ်၏ အကျိုးကျေးဇူးများကို မြန်မာနိုင်ငံရှိ ပြည်သူလူထုအကြား ပိုမိုပျံ့နှံ့သိရှိစေရန်ဖြစ်ကြောင်း သိရပါတယ်။

sai-min.jpg

“ကျွန်တော့်ပရိသတ်တွေဆီ ရင်ထဲအထိရောက်မယ့် အဆုံးအစမဲ့ ဆန်းသစ်လှပတဲ့ ဂီတတွေကို အမြဲ တင်ဆက်ချင်နေခဲ့ပါတယ်။ Visa နဲ့ အတူ ပူးပေါင်းဆောင်ရွက်ခွင့်ရလိုက်တာကြောင့် ကျွန်တော်လုပ်ချင်တဲ့ ဆန်းသစ်မှုတွေကို ဆက်လက်လုပ်ဆောင်ခွင့်ရရှိခဲ့ပါတယ်” လို့ Brand Ambassador စိုင်းစိုင်းခမ်းလှိုင် က ဆိုပါတယ်။

 

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ၄လတာ ကြာမြင့်မည့် အထူးကမ်ပိန်းအစီအစဉ်တစ်ခုကို Visa မှ မိတ်ဆက်လိုက်ပြီး ထိုအစီအစဉ်တွင် မြန်မာနိုင်ငံရှိ Visa ကတ်ကိုင်ဆောင်သုံးစွဲသူများဟ ကမ်ပိန်းတွင် ပါဝင်သော နိုင်ငံတစ်ဝန်းရှိ ဈေးဆိုင်များတွင် ဈေးဝယ်ယူရင်း လစဉ်ဆုမဲပေါင်းများစွာနှင့်အတူ မြန်မာကျပ်ငွေ သိန်းခုနှစ်ရာတန်ဖိုးရှိ “Suzuki Swift” ကားသစ်ကြီးကို အထူးဆုကြီးဆွတ်ခူးနိုင်မည့် အခွင့်အရေးများရရှိမည်ဖြစ်ကြောင်း သိရပါတယ်။

Source: Pyi Myanmar


Read 47 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.