Wednesday, 13 March 2019 08:45

 

metro-min.jpeg

 

ဂျာမနီလက်ကားရောင်းဝယ်ရေး လုပ်ငန်းစုကြီးဖြစ်သည့် မက်ထရို၏ နိုင်ငံတကာလုပ်ငန်းခွဲများ စာရင်းတွင် ၃၆ နိုင်ငံမြောက်အဖြစ် မြန်မာနိုင်ငံဈေး ကွက်သို့ တရားဝင်စတင်ဝင်ရောက် လာပြီဖြစ်ကြောင်း မတ်လ ၈ ရက်က သိရပါတယ်။

" မြန်မာနိုင်ငံရဲ့ စားသောက်ကုန် လက်ကားရောင်းဝယ်ရေးကဏ္ဍဟာ မက်ထရိုအတွက် အလားအလာကောင်းတွေ အများကြီးရှိနေတာကြောင့် ကုန်သွယ်စီးဆင်းမှုနယ်ပယ်မှာ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ စိုက်ပျိုးaရး၊ ဟိုတယ်နှင့် ခရီးသွားလာရေးနယ် ပယ်တွေအပါအဝင် ပြည်တွင်းစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာအောင် အရှိန်အဟုန်မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ် " ဟု METRO AG ၏ Chief Operating Officer နှင့် Board Member ဖြစ်သူ Philippe Palazzi က ပြောထားပါတယ်။

ရန်ကုန်မြို့ပြင်ရှိ သီလဝါ အထူးစီးပွားရေးဇုန်တွင် တည်ဆောက်ထားသော စတုရန်းမီတာ ၅၈၀၀ အကျယ်အဝန်းရှိ မက်ထရို၏ ပင်မသိုလှောင်ရုံမှတစ်ဆင့် မြန်မာနိုင်ငံတွင် လက်ကားရောင်းဝယ်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

mtro-min.jpg

ယခုလကုန်တွင် ဝက်ဘ်ဆိုက် နှင့် အက်ပလီကေးရှင်း စသည့် မက်ထရို၏ ဒီဂျစ်တယ်ပလက်ဖောင်းများတွင် အရည်အသွေးမြင့် စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်း အမျိုးအစားပေါင်း ၂၀၀၀ ကျော်အထိကို အွန်လိုင်းပေါ်မှတစ်ဆင့် ရွေးချယ်မှာယူနိုင်မည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်များကို ခေတ်မှီ အပူချိန်ထိန်းကုန်တင်ကားများဖြင့် ထောက်ပို့ဝန်ဆောင်မှုပေးမည်ဖြစ်သည်။

ရောင်းချမည့် စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများတွင် ဒေသထွက်ကုန် ၇၅ ရာခိုင်နှုန်းနှင့် သွင်းကုန် ၂၅ ရာခိုင်နှုန်း ပါဝင်မည်ဖြစ်ပြီး၊ ၂၀၁၉ ခုနှစ် ဇွန်လကုန်တွင် ကုန်ပစ္စည်းအမျိုးအစားပေါင်း ၂၄၀၀ အထိ တိုးမြှင့်ရောင်းချပေးနိုင်ရန် မျှော်မှန်းထားကြောင်း သိရပါတယ်။

ကမ္ဘာတစ်ဝန်းတွင် မက်ထရို မှ ဝယ်သူပေါင်း ၂၄ သန်းရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မက်ထရိုလက်ကား ရောင်းဝယ်ရေးဌာန၏ အရောင်းစံချိန် သည် ယူရို ၂၉ ဒသမ ၅ ဘီလျံအထိ ရှိကြောင်းသိရပါတယ်။

Source: Pyi Myanmar


Read 59 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.