Friday, 08 February 2019 03:28

    online reg

    အွန်လိုင်းမှတစ်ဆင့် ပြန်လည်မှတ်ပုံမတင်တဲ့ ကုမ္ပဏီပေါင်း ၁၃,၀၀၀ ကျော် ကိုကုမ္ပဏီစာရင်းမှပယ်ဖျက်မည်ဖြစ်ပြီး ၂ နှစ်အတွင်း ထိုကုမ္ပဏီနာမည်အားပြန်လည်သုံးစွဲခွင့်ပေးမည်မဟုတ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်က ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ၂၀၁၇ တွင် အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ ကုမ္ပဏီဥပဒေအရ ပြည်တွင်းရှိ ကုမ္ပဏီ ၆၀,၀၀၀ ကျော်ဟာ ခြောက်လအတွင်း ပြန်လည်မှတ်ပုံတင်ရပြီး ယင်းတို့အနက်
    ကုမ္ပဏီ ၄၇,၀၀၀ ကျော်သာ ပြန်လည်မှတ်ပုံတင်ခဲ့တယ်လို့လည်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမင်း ကပြောကြားထားပါတယ်။

    ကျန်ရှိနေသေးသော ကုမ္ပဏီများကို ဇန်နဝါရီ ၃၁ ရက်နောက်ပိုင်း ပြန်လည်မှတ်ပုံတင်ခြင်းကို ခွင့်ပြုမည်မဟုတ်ဘဲ ခိုင်လုံသောအကြောင်းပြချက်၊အထောက်ထားရှိမှသာ ဒဏ်ကြေးပေးဆောင်၍ ပြန်လည်မှတ်ပုံတင်နိုင်မည်ဖြစ်ပြီး ခိုင်လုံသောအကြောင်း ပြချက်မရှိပါက ကုမ္ပဏီစာရင်းကို ပယ်ဖျက်သွားမှာဖြစ်ပါတယ်။

    ‘‘စီးပွားရေးဆက်လုပ်ချင် မှတ်ပုံတင်အသစ်တင်လိုက်ပါ။ မြန်မာတွေက ရပါတယ်ဆိုတဲ့ အကျင့်ကိုတော့အချိန်ပေးပြီးဖြစ်လို့ ဒီအချိန်မှာ မရတော့ဘူး’’ ဟု ဦးမျိုးမင်းက ပြောပါတယ်။

    စာရင်းပယ်ဖျက်ထားခံရတဲ့ ကုမ္ပဏီများဟာ တရားရုံးဆိုင်ရာ ကိစ္စရပ်များပေါ်ပေါက်လာပါက အသုံးပြုနိုင်ရန် ကွန်ပျူတာစနစ်အတွင်း ၂ နှစ်ခန့် သိမ်းထားခံရမည်ဖြစ်ပြီး ထို ၂ နှစ်အတွင်း အဆိုပါအမည်ကို သုံးစွဲခွင့်ပေးမည် မဟုတ်ဟုလည်းဆိုပါတယ်။

    ‘‘ဇန်နဝါရီ ၃၁ ရက်မှာပြီးသွားတော့ အခုပြန်လည်စိစစ်နေပါတယ်။ မှတ်ပုံမတင်တာတွေပယ်ဖျက်သွားတော့မှာပါ’’ ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့် ကပြောကြားခဲ့ပါတယ်။

    Source: 7DayDaily (ထွန်းထွန်းမင်း)


    Read 24 times Last modified on Monday, 11 February 2019 04:09
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.