Friday, 08 February 2019 02:42

    dollar

    နိုင်ငံသားများ ဒေါ်လာတစ်သောင်းနှင့် ညီမျှသော နိုင်ငံခြားငွေများကို ခြောက်လအထိ ကိုင်ဆောင်နိုင်

    မြန်မာနိုင်ငံသားများအနေနဲ့ ဒေါ်လာတစ်သောင်းနှင့် တန်ဖိုးညီမျှသောမည်သည့် နိုင်ငံခြားငွေ ကိုမဆို ခြောက်လအထိ ကိုင်ဆောင်ခွင့်ရှိသည်ဟု
    ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ် ကပြောကြားခဲ့ပါတယ်။ နယ်စပ်မှအခြားငွေကြေးများအလုံးအရင်းဖြင့် ၀င်ရောက်လာမည်ကို ကိုင်တွယ်ဖြေရှင်းလိုတဲ့
    အတွက်ကြောင့် တရုတ်ယွမ်နှင့် ထိုင်းဘတ် များကိုပိုမိုတင်းကျပ်စစ်ဆေးသွားမည်လို့လည်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌကပြောထားပါတယ်။

    ‘‘ကျပ်ငွေတန်ဖိုး မာ အောင်လုပ်နေတယ်။ တစ်ဖက်နိုင်ငံကငွေတွေ အလုံးအရင်းနဲ့ဝင်လာပြီး ကျွန်တော်တို့ရဲ့ငွေတွေကို အစား ထိုးသွားမှာရှိတယ်။
    အဲ့ဒီအတွက်ကြောင့် အိမ်နီးချင်းနိုင်ငံကငွေတွေကို သတိထားပြီးကိုင်တွယ်နေ ရပါတယ်’’ လို့လည်း ဦးဘိုဘိုငယ် ကပြောကြားခဲ့ပါတယ်။

    ၂၀၁၅ မှာပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေမှာ မြန်မာနိုင်ငံသားများဟာ နိုင်ငံသားသုံး ငွေပမာဏအတိုင်းအတာတစ်ခုကို
    ကာလသတ်မှတ်ချက်အရ ကိုင်ဆောင်ခွင့်ရှိပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီအတွင်း မွန်ပြည်နယ်မုဒုံမြို့နယ်တွင် အမျိုးသားတစ်ဦးထံမှ ထိုင်းငွေ ဘတ် ၇၅၀ နှင့်
    အမျိုးသမီးတစ်ဦးတွင် ထိုင်းငေငွ ဘတ် ၉၆၀ ကိုင်ဆောင်ထားကြသဖြင့် မုဒုံမြို့နယ်ရဲစခန်းက ခွင့်ပြုချက်မဲ့နိုင်ငံခြားငွေကိုင် ဆောင်မှုဖြင့်ဖမ်းဆီးထားပြီး
    နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခဲ့တယ်လို့လည်းသိရပါတယ်။ ထိုနှစ်ဦးကို မူးယစ်ဖြင့်ရှာဖွေစစ်ဆေးခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးမတွေ့သော်လည်း
    ထိုင်းဘတ်ငွေများတွေ့ရှိ၍ ဖမ်းဆီးအရေးယူထားခြင်းဖြစ်တယ်လို့ ရဲစခန်းကထုတ်ပြန်ထားပါတယ်။

    Source:7day daily (ထွန်းထွန်းမင်း၊ ပြည်သိမ်း)


    Read 40 times Last modified on Friday, 08 February 2019 02:54
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.