Tuesday, 05 February 2019 03:24

47185535 584464752008481 3958564738455044096 o

၂၀၁၈ သြဂုတ်ကစတင်ခဲ့တဲ့ KBZ Pay ငွေကြေးဝန်ဆောင်မှု Application ဟာ ခြောက်လအတွင်း အသုံးပြုသူ တစ်သန်းကျော်ပိုင်ဆိုင်ထားပြီး လာမည့် ၁၀ နှစ်အတွင်း အသုံးပြုသူ သန်း ၃၀ ထိ

ပိုင်ဆိုင်ထားနိုင်ရန် မျှော်လင့်ထားကြောင်းနဲ့ အချိန်တိုအတွင်း ယခုလိုအသုံးပြုသူအရေအတွက် ပိုင်ဆိုင်နိုင်ရန်အတွက်လည်း လူအင်အား တစ်သောင်းရှစ်ထောင်ခန့် အသုံးပြု၍ ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ လိုက်လံမိတ်ဆက်ခဲ့ရတယ်လို့  ကမ္ဘောဇဘဏ်အမှုဆောင်အရာရှိချုပ် DeNoma ကပြောပါတယ်။

KBZ Pay ဟာ မိုဘိုင်းအက်ပလီကေးရှင်းစနစ် တစ်ခုဖြစ်ပြီး ငွေသွင်း၊ ငွေထုတ်၊ ငွေကြေး လွှဲပြောင်းခြင်းတို့ကို တရားဝင်ကိုယ်စားလှယ်များနှင့် ချိတ်ဆက်ဆောင်ရွက်လို့ရတဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ အဆိုပါ ဝန်ဆောင်မှုမှာ ငွေကြေးဝန်ဆာင်မှုအပြင် မိုဘိုင်းဖုန်းဘီလ် ဖြည့်သွင်းခြင်းလုပ်ဆောင်မှုကိုလည်း ဆောင်ရွက်နိုင်ပါတယ်။

ဘဏ်လုပ်ငန်းအများစုဟာ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများအပါအဝင် ၂၀၁၈ အတွင်း ဒစ်ဂျစ်တယ်ငွေပေးချေခြင်း ဝန်ဆောင်မှုတွေကို မိတ်ဆက်ခဲ့ပေမယ့် အသုံးပြုသူပိုင်ဆိုင်မှုတွေကိုတော့ ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

KBZ Pay တွင် အသုံးပြုသူ တစ်သန်းကျော်၌ စာရင်းပေးသွင်းကာ အကောင့်ဖွင့်လှစ်အသုံးပြုသူပေါင်း ငါးသိန်းခန့် ရှိပြီး KBZ Pay ရဲ့ တရားဝင်ကိုယ်စားလှယ်ပေါင်း တစ်သောင်းခန့် ရှိတယ်လို့လည်း ကမ္ဘောဇဘဏ် ကထုတ်ပြန်ထားပြီး အဆိုပါငွေပေးချေခြင်းနှင့် ငွေကြေးလွှဲပြောင်းခြင်း ဝန်ဆောင်မှုကို ဆိုင်တစ်သောင်းခုနစ်ထောင် ကို ကြားခံအနေဖြင့် ဝန်ဆောင်မှုပေးအပ်ထားတယ်လို့သိရပါတယ်။

Source: 7day Daily


Read times Last modified on Tuesday, 05 February 2019 04:01
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.