Monday, 07 January 2019 10:16

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပါဝါအိတ်ဇောတပ်၍ အများပြည်သူအနှောက်အယှက်ဖြစ်စေသည့် စည်းကမ်းမဲ့မောင်းနှင်သောပြိုင်ကားများကို စီမံချက်ဖြင့် ဖမ်းဆီးအရေးယူမှူစတင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဇန်နဝါရီလ ၆ ရက်တွင် သိရသည်။

Image 3


အများပြည်သူလမ်းမပေါ်တွင် အသံဆူညံစွာ စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် အများပြည်သူများကို အနှောင့်အယှက်များ ဖြစ်ပေါ်နေခြင်းအပါအဝင် ယာဉ်အန္တရာယ်များကိုလည်း ဖြစ်ပေါ် စေနိုင်သဖြင့် ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှစီမံချက်ချကာ ဖမ်းဆီးဆောင်ရွက်ရန်စီစဉ်ခြင်းဖြစ် သည်။

"စည်းကမ်းမဲ့မောင်းနေတဲ့ ပါဝါအိတ်ဇောတပ်ထားတဲ့ကားတွေကို စီမံချက်နဲ့အရေးယူဖမ်းဆီးတာလုပ်သွားမယ်။တရားဝင် မှတ်ပုံတင်ထားတဲ့ လိုင်စင် မရှိရင်တော့ လိုင်စင်မဲ့ကားစီးနင်းတဲ့အတွက် ကားကိုသိမ်းပြီး ယာဉ် မောင်းကိုလဲ ဥပဒေအရ အရေးယူသွားမှာပါ။"ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီလ ၆ ရက်တွင် ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်းမဲ့ပြိုင်ကားနှင့်ပါဝါအိတ်ဇောတပ် မော်တော်ယာဉ်များအား ၂၀၁၇ ခုနှစ်ဒီဇင်ဘာလတွင် စီမံချက်ချပြီး ဆောင်ရွက်ခဲ့ရာ၌ စည်းကမ်းမဲ့ပြိုင်ကားနှင့် အိတ်ဇောတပ်မော် တော်ယာဉ်စုစုပေါင်း အစီး ၈၀ အထိ ဖမ်းဆီးနိုင်ခဲ့သည်။

 

source The voice


Read 39 times Last modified on Monday, 07 January 2019 10:27
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.