Friday, 18 May 2018 04:18

    image1

    အာဆီယံဒေသ၏ရွေ့ပြောင်းသွားလာ လုပ်ကိုင်မှုအခြေအနေပြပုံ

    အာဆီယံနိုင်ငံတွေအနက် ရွှေ့ပြောင်းသွားလာမှုမှာ မြန်မာနိုင်ငံက ၃၃ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံး ဖြစ်နေပြီး ပြည်တွင်းမှာ ကျွမ်းကျင်လုပ်သား ရှာပါးမှုက အဓိက ပြဿနာ ဖြစ်နေတယ်လို့ အလုပ်သမားရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံထဲမှာပဲ လုပ်ခလစာ သက်သာတဲ့ နိုင်ငံသားတွေအစား ပိုပြီးဈေးနှုန်း ကြီးမြင့်တဲ့ အိမ်နီးချင်းနိုင်ငံက ကျွမ်းကျင်လုပ်သားတွေက နေရာယူထားကြတယ်လို့ Myanmar Center for Economic and Social development အဖွဲ့ရဲ့ လေ့လာချက်တွေအရ သိရပါတယ်။


    မြန်မာနိုင်ငံမှ အခြားတစ်နိုင်ငံသို့ ရွှေ့ပြောင်းလုပ်ကိုင် ကြခြင်းအပြင် ပြည်တွင်းမှာလည်း နယ်ဒေသတွေက မြို့ကြီးတွေကို ရွှေ့ပြောင်းလုပ်ကိုင်ကြတဲ့ နှုန်းထားတွေလည်း မြင့်တက်လာတာကို တွေ့ရပါတယ်။ အများစုဟာ ကျေးလက်ဒေသတွေမှာ ရာသီအလိုက် လုပ်ကိုင်ရမယ့် စိုက်ပျိုးရေး လုပ်ငန်းတွေအစား မြို့ကြီးတွေမှာရှိတဲ့ အထည်ချုပ် စက်ရုံတွေမှာ လစဉ်ပုံမှန် ၀င်ငွေရတဲ့ လုပ်သားတွေအဖြစ် ကူးပြောင်းလာကြတယ်လို့ ဆိုပါတယ်။


    “အဓိကကတော့ ပြည်တွင်းမှာ တကယ်ကျွမ်းကျင်တဲ့ လုပ်သားတွေ ရှိလာမယ်ဆိုရင် ရွေ့ပြောင်းမှုတွေ လျော့ကျသွားမှာ။ ကျွန်တော်တို့ JobNet အနေနဲ့လည်း ပြည်ပရောက်နေတဲ့ တကယ့်ကျွမ်းကျင်သူတွေကို ပြန်ပြီးဖိတ်ခေါ်နေပါတယ်။ JobNet ရဲ့ Website မှာဆိုလည်း ပြည်ပရောက်နေတဲ့ မြန်မာတွေအတွက် ပြည်တွင်းမှာ ပြန်လုပ်နိုင်မယ့် အလုပ်တွေကို တွေ့ရမှာပါ။ ကျွမ်းကျင် လုပ်သားတွေ ရှိလာဖို့ကတော့ ရေတိုရေရှည် စီမံကိန်းတွေ ချပြီး ဆောင်ရွက်ရမယ့် အခြေအနေ ရှိပါတယ်။”လို့ JobNet.com.mm ရဲ့ မန်းနေးဂျင်း ဒါရိုက်တာ Matt De Luca က ပြောပါတယ်။


    ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်လျှက်ရှိတဲ့ လူဦးရေရဲ့ ၄၂.၃ ရာခိုင်နှုန်းဟာ အခြား တိုင်းဒေသကြီး၊ ပြည်နယ်တွေက ပြောင်းရွှေ့လာကြသူတွေ ဖြစ်ကြပြီး ၂၆ ရာခိုင်နှုန်းဟာ အလုပ်အကိုင်ကြောင့် ရွှေ့ပြောင်းသွားလာခြင်း ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။


    တဖက်မှာလည်း နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေနဲ့ ပြည်တွင်း ရင်းနှီးမြုပ်နှံမှုတွေက အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနေပေမယ့်လည်း ကျွမ်းကျင်လုပ်သား ရှားပါးမှု ပြဿနာကို ဖြေရှင်းပေးနိုင်မှု မရှိမခြင်း ရွေ့ပြောင်းလုပ်သား ပြဿနာမှာ ပိုမိုကြီးမားလာဖွယ် ရှိနေပါတယ်။


    မြန်မာနိုင်ငံရဲ့ လုပ်သားအင်အားကို ကောင်းကောင်း အသုံးချပြီး ပို့ကုန်ဦးစားပေး ထုတ်လုပ်ရေး လုပ်ငန်းတွေနဲ့ လုပ်အားအခြေခံ ကုန်ထုတ်လုပ်မှုတွေမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ၀င်ရောက်လာပါက မြန်မာ့စီးပွားရေး အတွက် အလားအလာကောင်းတွေ ရှိနေတယ်လို့ Asian Development Outlook 2018 မှာ ဖော်ပြထားပါတယ်။

    Read more about business article Here

     

     


    Read 147 times Last modified on Wednesday, 23 May 2018 02:53
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.