Tuesday, 08 May 2018 08:42

maxresdefault
မြန်မာနိုင်ငံရှိ ကြိုးတံတား များ စစ်ဆေးရာတွင် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်ရဲ့ SATREFS စီမံကိန်း အခြေခံအဆောက်အ အုံ စီမံခန့်ခွဲမှုအဖွဲ့၊ အင်ဂျင်နီယာပညာရေးကဏ္ဍ အဆင့်မြှင့်တင် ရေးပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းအရ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က မေလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ယင်းအပြင် JICA ဟာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်နည်းပညာ တက္ကသိုလ် တို့က ပညာရှင်တွေနဲ့ ပူးပေါင်းပြီး မြောင်းမြတံတားပြတ်ကျမှုကို စစ် ဆေးခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ တောင်းဆိုမှု ကြောင့် JICA က ဧရာဝတီတိုင်းရှိ အခြားကြိုးတံတားများကိုလည်း စစ်ဆေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
နိုင်ငံအတွင်းရှိ ကြိုးတံတား ၂၉ စင်းကို ဆောက်လုပ်ရေးဝန် ကြီးဌာနက စစ်ဆေးပြီးနောက် ဂျိုင်း(ကော့ကရိတ်)တံတားကို ဧပြီ ၁၉ ရက်က စတင်ပြီး ယာဉ် နဲ့ ကုန်စုစုပေါင်း ၁၃တန်သာ ဖြတ်သန်းခွင့်ပြုထားပြီး ဂျိုင်း (ဇာသပြင်)ကြိုးတံတားကို တန်ချိန် ၂၀ ဖြတ်သန်းရန်ခွင့် ပြုထားပါတယ်။
မြန်မာနိုင်ငံမှာ တည်ဆောက်ပြီးစီးတဲ့ တံတားတွေကို နှစ်စဉ် (၁)နှစ်ကို (၂)ကြိမ် ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းခြင်းလုပ်ငန်းတွေ ဆောင်ရွက်လျက် ရှိပါတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ကြိုးတံတားတွေက မြောင်းမြတံတား အပါအ၀င် စုစုပေါင်း အစင်း(၃၀)ရှိပြီး အဆိုပါကြိုးတံတားများကို ယခုကဲ့သို့ ဖြစ်စဉ်မျိုး မဖြစ်စေရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ အသေးစိတ် စစ်ဆေးမှုများကို ချက်ချင်းဆောင်ရွက်လျက် ရှိပြီး ကြိုးတံတားများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဂျပန်အင်ဂျင်နီယာပညာရှင်များ နဲ့ လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးအစီအစဉ်နဲ့ တရုတ်အင်ဂျင်နီယာပညာရှင်များနဲ့ လည်းကောင်း အတူပူးပေါင်းပြီး တံတားများရဲ့ ကြံ့ခိုင်ရေး အခြေအနေများကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ တည်ရှိတဲ့ မြောင်းမြ ကြိုးတံတားဟာ ဧပြီလ ၁ ရက်နေ့မှာ (၁၆)တန်၊ (၆)ဘီး ကုန်တင်ကားတစ်စီး ဖြတ်သန်းစဉ် တံတားကျိုးကျမှု ဖြစ်ပွားခဲ့ပါတယ်။ ယင်းကြိုးတံတားဟာ (၁၉၉၄)ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာ ဖြစ်ပြီး (၁၉၉၆)ခုနှစ်မှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။ သက်တမ်းအနေနဲ့ဆိုရင်တော့ (၂၂)နှစ်ခန့် ရှိပြီဖြစ်ပါတယ်။

Read more about business article Here

 

 


Read 222 times Last modified on Tuesday, 08 May 2018 09:45
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.