Thursday, 03 May 2018 03:57

    31036940 1139228962884609 3044471643137358051 n
    ရန်ကုန်မြို့တော်ကြီးကို အာရှတိုက်ရဲ့ ရင်းနှီးမြှုပ်နှံမှု ဗဟိုအချက်အချာနေရာ တစ်ခု ဖြစ်လာစေဖို့ ကြိုးပမ်းအားထုတ်တဲ့ အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ စီးပွားရေး အခွင့်အလမ်းတွေ ပိုမို ကျယ်ပြန့်လာစေဖို့ Yangon Investment Forum 2018 (YIF 2018) ကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
    အဆိုပါ ဖိုရမ်ကို ရန်ကုန်မြို့ Novotel Yangon Max Hotel မှာ မေလ ၉ ရက်၊ ၂၀၁၈ ခုနှစ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ပြည်တွင်းနဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံသူ ဦးရေ ၅၀၀ ကျော် တက်ရောက်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
    “ရန်ကုန်မြို့ဟာ အရှေ့တောင် အာရှရဲ့ အချက်အချာနေရာ တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံ၊ အရှေ့တောင်အာရှ၊ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ကြီးမားတဲ့ ဈေးကွက်ရရှိနိုင်မှု အပေါ် ရင်းနှီးမြှုပ်နှံပြီး အကျိုးအမြတ် ရယူချင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ၎င်းနိုင်ငံများနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု စီးပွားရေး အခွင့်အလမ်းကို သိရှိဖို့လိုပါတယ်။ ရန်ကုန်မြို့ဟာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့အတွက် အသင့်တော်ဆုံး နေရာတစ်ခု ဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
    ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ဖြစ်တဲ့ ရန်ကုန်တိုင်း ဒေသကြီးဟာ မြန်မာနိုင်ငံကို စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုအနက် ရန်ကုန်တိုင်း ဒေသကြီးကို ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုဟာ အများဆုံး ဖြစ်ပါတယ်။
    “ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံထဲမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့အတွက် အခြေခံ အဆောက်အအုံတွေ အပြည့်စုံဆုံး၊ အခြားမြို့တွေနဲ့ ချိတ်ဆက်မှု အရှိဆုံး၊ စီးပွားရေးလုပ်လို့ အကောင်းဆုံး မြို့တစ်မြို့ ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်မှ ရင်းနှီးမြှုပ်နှံ သူတွေအတွက် ရန်ကုန်တိုင်း ဒေသကြီးဟာ အခွင့်အလမ်း ကောင်းတွေနဲ့ စောင့်ကြိုလျက်ရှိပါတယ်။ အရေးအကြီးဆုံးက ကျွန်တော်တို့ဟာ ရန်ကုန်မြို့ကို စီးပွားရေး လုပ်ကိုင်လို့ ကောင်းတဲ့ အကောင်းဆုံး နေရာတစ်ခု ဖြစ်အောင် ဖန်တီးဖို့ ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။” လို့ ရန်ကုန်တိုင်း ဒေသကြီးမှာ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အဆင်သင့် ဖြစ်နေမှုနဲ့ ပတ်သက်ပြီး ဦးဖြိုးမင်းသိန်းက ထပ်မံ ပြောကြားပါတယ်။

    ၁၉၉၄-၁၉၉၅ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ ရန်ကုန်တိုင်း ဒေသကြီးအနေနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၅၈၅ ခုဖြင့် မတည်ရင်နှီးမြှုပ်နှံမှု ပမာဏ ကျပ် ဘီလီယံ ၆၉၉၀.၂၁၃၄ နဲ့ ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၈၄၅ ခုဖြင့် မတည်ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀.၂၇၆ တို့ အသီးသီး စီးဝင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

    Read more about business article Here

     

     


    Read 138 times Last modified on Thursday, 03 May 2018 04:55
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.