Friday, 06 April 2018 08:23 Written by 

beef dish 3
ဧပြီလနဲ့ မေလတွေအတွက် Babett Bar ရဲ့ အသားပွဲတော်ကို စတင်နေပြီ ဖြစ်ပါတယ်။ ဧပြီနဲ့ မေလနှစ်လအတွင်း ကျင်းပပြုလုပ်မယ့် အသားပွဲတော်အတွက် Babett စာဖိုမှုး Christophe Buzare က အမဲသား।သိုးသားနဲ့ ဝက်သားတို့ကို ချက်ပြုတ် ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။ အစားကောင်း ကြိုက်သူတွေ အနေနဲ့ Babett က ပြင်ဆင်ပေးမယ့် အသားကို မိမိတို့ ကြိုက်နှစ်သက်ရာ ဝိုင်ကို သောက်သုံးရင်း အရသာတွေ့စေနိုင်မှာ ဖြစ်ပါတယ်။
ယင်း အသားပွဲတော်မှာဆိုရင် သြစတြေးလျရဲ့ စိမ်းစိုတဲ့ စားကျက်မြေမှာ ထိန်းသိမ်းထားရှိတဲ့ စကော့တလန် တောင်ပေါ်ဒေသဖွား နွားမည်းသားကို သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ အသားဟင်း တစ်ပွဲကို လူနှစ်ယောက် သုံးဆောင်နိုင်ပြီး အသားကြိုက်သူတွေ အတွက် အကင်ရနံ့ သင်းနေတဲ့ BlackAngus ရင်ပုံသားကင်ကို ကျပ်(၆၀,၀၀၀) နဲ့ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ (၇)ပတ်သာ သက်တမ်းရှိတဲ့ မီးသွေးနဲ့ ကင်ထားတဲ့ စားမြိန်ဖွယ် BlackAngus နံရိုးသားကိုတော့ (၈၅,၀၀၀) ကျပ်နဲ့ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

Charcoal grill
Wagyu အမဲသားဟာ ဂျပန်မှာရှိတဲ့ Kobe အမဲသားနဲ့ အမျိုးဖောက်ထားတဲ့ ကမ္ဘာ့ထူးကဲတဲ့ အသားဖြစ်ပါတယ်။ အရိုးစွဲဖွယ် သင်းပျံ့နေသော အဆီပိုမပါပဲ သုံးဆောင်လိုက်ပါက မေ့မရဖွယ် အရသာရှိတဲ့ Wagyu အသားဖြစ်ပါတယ်။ နူးညံ့သော Wagyu-Kobe နံရိုးအသားကိုလည်း Babett ရဲ့ အသားပွဲတော်မှာ (၄၅,၀၀၀) ကျပ်နဲ့ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဝက်သား အနေနဲ့ မြေထဲပင်လယ်ဒေသက ဝက်မည်းဖြစ်တဲ့ Iberico ဝက်ကို ဟင်းခတ် အမွေးအကြိုင်တွေနဲ့ ချက်ပြုတ်ပြီး မှို।ဝက်သစ်ချသီးတို့နဲ့ တည်ခင်း ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။ စားသုံးသူတွေ အနေနဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူတို့နဲ့ ပြင်ဆင်ထားတဲ့ ဝိုင်ဖြူ। အနံ့အရသာ ပြည့်နှက်နေတဲ့ လိမ္မော်ခွံနဲ့ ကြက်ဥတို့ပါဝင်တဲ့ Babett ရဲ့ ခံတွင်းတွေ့ဖွယ် “Marengo” style ဝက်အသားကို (၃၅,၀၀၀) ကျပ်နဲ့ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဝက်ဂုတ်သားကို အနံ့အရသာနဲ့ ပြည့်စုံအောင် ချက်ပြုတ်ထားတဲ့ အသားကိုလည်း (၃၉,၀၀၀)ကျပ်နဲ့ ရရှိမှာ ဖြစ်ပါတယ်။ စီချွမ် ငရုတ်ကောင်းနဲ့ ပြင်ဆင်ထားတဲ့ လက်ဆတ်တဲ့ ဝက်ပေါင်ရင်းသားကို (၄၃,၀၀၀)ကျပ်နဲ့ ရရှိနိုင်မှာပါ။

La Cote de Boeuf on Mibrasa Grill
ဒါ့အပြင် နယူးဇီလန်နိုင်ငံရဲ့ မြက်ခင်း ကုန်းမြင့်တွေက သိုးသားကလည်း ကြက်သွန်ဖြူ। ဟင်းခတ် အမွှေးအကြိုင်တွေနဲ့ ပြင်ဆင်လျက် ဥရောပတောင်ပိုင်း ချုံနွယ်ကြား သယ်ဆောင်သွား သွားသလို ခံစားရစေမှာပါ။ Babett ရဲ့ အနုအလှ အပြင်အဆင်တွေကြောင့် သိုးသားကို ပန်းရောင်သန်းတဲ့ အသားသာမက အသင့်အတင့် ကျက်တဲ့အထိ အကောင်းဆုံး အရသာခံနိုင်မှာ ဖြစ်ပါတယ်။ ဟင်းခတ် အမွေးအကြိုင်နဲ့ ချက်ပြုတ်ထားတဲ့ အဆိုပါ သိုးသားကိုတော့ (၂၅,၀၀၀) ကျပ်နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အနံ့ပြည့်စုံ ကောင်းမွန်တဲ့ စပျစ်ဝိုင်နဲ့လည်း သိုးသားကို တွဲဖက်စားသုံးရင်း ခံတွင်းတွေ့စေမှာပါ။
စားသုံးသူတွေအနေနဲ့ အမဲသားနဲ့အတူ Babett က ဧပြီနဲ့မေလအတွင်း ၀ိုင်ပရိုမိုးရှင်းရှိပြီး ‘Cabernet Sauvignon’ မှ စပျစ်အရသာ ဝိုင်တစ်ပုလင်းကို ငွေကျပ် (၃၀,၀၀၀)နဲ့ သောက်သုံးနိုင်မှာ ဖြစ်ပါတယ်။

Read more about article Here

 

 


Read 1534 times Last modified on Friday, 06 April 2018 08:34
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.