Friday, 23 March 2018 11:15 Written by 

b4787a4a5d6711adf08fa27fc1cba139 XL
ပီဇာစားသောက်ဆိုင် တစ်ခုဖြစ်တဲ့ Pizza Hut Myanmar က Cheesy Bites Pizzaကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
စားသုံးသူများအတွက် ထူးခြားကောင်းမွန်တဲ့ CHEESY BITES Shal မီနူးသစ်ကို ရန်ကုန်မြို့ ၆ မိုင်ခွဲ ပြည်လမ်း Marketplace by City Mart ရှိ Pizza Hut ဆိုင်ခွဲမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Cheesy Bites Pizza ဟာ Pizza Hutရဲ့ ကမ္ဘာတစ်ဝန်းမှာ နာမည်ကျော်ကြား လူကြိုက်များတဲ့ မီနူး တစ်ခုဖြစ်ပြီး ပီဇာရဲ့ ပတ်ပတ်လည်မှာ Cheese နဲ့ ပြုလုပ်ထားတဲ့ တစ်ကိုက်စာ အလုံးလေးများကို ထူခြားပြီး အရသာရှိတဲ့ Cheesy Cheddar Bites, Crispy Sesame Bites ၊ Sweet Honey Bites အစရှိတဲ့ အရသာ ၃ မျိုး ထည့်သွင်းဖန်တီးထားတာကြောင့် မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုဝင်များနှင့် အတူတကွ ပျော်ရွှင်ကြည်နူးစွာ မျှဝေစားသုံးနိုင်ပါတယ်။

29511682 2058355014180174 1064334832009478144 n
Cheesy Bites Pizza တစ်ချပ်ရဲ့ ဈေးနှုန်းတွေကတော့ ကျပ် ၁၇၀၀၀ ဖြစ်ပြီး Set အလိုက် မှာယူစားသုံးလိုအပါက Set 1 အဖြစ် Cheese Bites Pizza + Garlic Bread (၄) ခု + Pepsi (၂) ခွက်တို့ကို ကျပ် ၁၈၀၀၀ နှုန်းဖြင့် လည်းကောင်း၊ Set 2 အဖြစ် Cheese Bites Pizza + Garlic Bread (၆) ခု + Pepsi (၄) ခွက်+ Black Pepper Chicken Spaghtee (၁) တို့ကို ကျပ် ၂၂၀၀၀ နှုန်းဖြင့်လည်းကောင်း မှာယူသုံးဆောင်နိုင်ပါတယ်။
အထူးပရိုမိုးရှင်းအနေနဲ့ CHEESY BITES Shal စားသုံးပြီးနောက် ထပ်မံမှာယူလိုသူများအနေနဲ့ Cheese Bites ပီဇာ တစ်ခုလျှင် ကျပ် ၁၂၀၀၀ နှုန်း၊ အခြားပုံမှန် ပီဇာတစ်ခုလျှင် ကျပ် ၁၀၀၀၀ နှုန်း၊ နှစ်သက်ရာ အရသာ ကြက်တောင်ပံ (၈) ခုကို ကျပ် ၅၀၀၀ နှုန်း၊ ကြက်သားနှင့် မှိုစွပ်ပြုတ်ကို ကျပ် ၂၀၀၀ နှုန်းနဲ့ မည်သည့် အအေးကိုမဆို ကျပ် ၁၃၀၀ နှုန်း စတဲ့ဈေးနှုန်းတွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
CHEESY BITES Shal စတင်မိတ်ဆက်ခြင်း အထိမ်းအမှတ်အဖြစ် စားသုံးသူများအတွက် အပိုလက်ဆောင် ကူပွန်များ ပေးအပ်သွားမှာ ဖြစ်ပြီး ကူပွန် (၁) ဆိုလျှင် Cheese Bites A La Carte (တစ်ခုစီ) အတွက် ၁၀% အထူးလျှော့ဈေး၊ ကူပွန် (၂) ဆိုလျှင် ကြက်တောင်ပံ (၆) ခု၊ ကူပွန် (၃) ဆိုလျှင် ကြက်သားနှင့် မှိုစွပ်ပြုတ်နဲ့ Garlic Bread (4) ခု တို့ ရရှိမှာဖြစ်ပါတယ်။
CHEESY BITES Shal မီနူးသစ် စတင်ထွက်ရှိတဲ့ မတ်လ ၂၃ ရက်နေ့မှာ ရန်ကုန်နဲ့ မန္တလေးရှိ Pizza Hut ဆိုင်ခွဲများအားလုံးတွင် ပထမဆုံး လာရောက်ဝယ်ယူစားသုံးသူ အယောက် (၃၀) ကို Cheese Bites Pizza တစ်ချပ်လျှင် ကျပ် ၃၀၀၀ နှုန်း အထူးဈေးနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Read more about article Here

 

 


Read 1505 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.