Friday, 12 January 2018 02:26 Written by 

Myanmar Food Festival at DCuisine 1 Credit to Sedona Hotel Yangon
  

 လူကြိုက်များ ထင်ရှားတဲ့ မြန်မာ့ရိုးရာ အစားအစာ အမျိုးအစားပေါင်း ၄၀ ကျော်တို့ကို ဘူဖေးပုံစံနဲ့ သုံးဆောင်နိုင်မယ့် Myanmar Food Festival ပွဲတော်ကို Sedona Hotel ရဲ့ နာမည်ကျော် D’Cuisine စားသောက်ဆိုင်မှာ ပထမဦးဆုံး အကြိမ်အနေနဲပ ကျင်းပပြုလုပ် လျက်ရှိပါတယ်။
Myanmar Food Festival ပွဲတော်ကို ဇန်နဝါရီလ ၃၁ ရက်နေ့အထိ၊ နေ့စဉ် နေ့လယ်စာနဲ့ ညစာ ရရှိနိုင်မှာဖြစ်ပြီး အဆိုပါ ပွဲတော်မှာ တည်ခင်းမယ့် ဟင်းလျာတွေကို Sedona Hotel ရဲ့ Executive Chef ဖြစ်သူ Mr Edmund Ng နဲ့ အရည်အချင်း ပြည့်ဝတဲ့ မြန်မာ စားဖိုမှူးတွေ ပါဝင်တဲ့ အချက်အပြုတ် အဖွဲ့က အထူးစီစစ် ရွေးချယ်ထားခြင်း ဖြစ်ပါတယ်။ အစားအသောက် ချစ်သူတွေအနေနဲ့ ဒေသထွက် ကုန်ပစ္စည်းတွေကို အသုံးပြုပြီး အရသာ ပြီးပြည့်စုံအောင် ချက်ပြုတ်ထားတဲ့ ဟင်းလျာမျိုးစုံကို သွားရောက် သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

Myanmar Food Festival at DCuisine 3 Credit to Sedona Hotel Yangon
Myanmar Food Festival ပွဲတော်မှာရှိတဲ့ အသုပ်စုံစားပွဲမှာ များပြားလှတဲ့ ပါဝင် ပစ္စည်းတွေထဲက မိမိနှစ်သက်ရာ ရွေးချယ်ပြီး ကိုယ်ပိုင် မြန်မာအသုပ်စုံကို ဖန်တီး စားသုံးနိုင်ပါတယ်။ အကြော်စားပွဲမှာလည်း မြန်မာလူမျိုးတွေအကြိုက် တန်ပူရာစတိုင် ဗူးသီးကြော်၊ ရှမ်းရိုးရာ တိုဟူးကြော်နဲ့ ပုဇွန်ခွက်ကြော်တို့ ပါဝင်ပြီး ဟင်းချိုစားပွဲမှာ မြန်မာ့ရိုးရာ မျှစ်ပုဇွန် ချဉ်ပေါင်ဟင်းရည်၊ ပဲကြာဆံ ဟင်းချိုတို့နဲ့ တည်ခင်းထားပါတယ်။ အဓိက ဟင်းလျာတွေအဖြစ် မြန်မာ့ရိုးရာ ဆီပြန်ဟင်းတွေ၊ မြန်မာစတိုင် ဆာတေးနဲ့ အသီးအရွက် ကြော်တွေကိုလည်း အရသာရှိစွာ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Myanmar Food Festival ပွဲတော် ဘူဖေးအစီအစဉ်မှာ Sedona Hotel မှာ ပုံမှန်တည်ခင်းထားတဲ့ အနောက်တိုင်း အစားအစာတွေနဲ့ အချိုပွဲ ဘူဖေးတေါကိုပါ အတူတကွ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

Myanmar Food Festival at DCuisine 4 Credit to Sedona Hotel Yangon
ဘူဖေး စတင်ရရှိနိုင်တဲ့ အချိန်တွေကတော့ နေ့လယ်စာအနေနဲ့ တနလာင်္နေ့ ကနေ သောကြာနေ့ (နံနက် ၁၁း၃၀ နာရီ မှ နေ့လယ် ၂း၃၀ နာရီ အထိ) ကို တစ်ဦးလျှင် ၂၅ ဒေါ်လာနဲ့ ဖြစ်ပြီး စနေ၊ တနင်္ဂနွေ နဲ့ အစိုးရ ရုံးပိတ်ရက်တွေ (နံနက် ၁၁း၃၀ နာရီ မှ နေ့လယ် ၃း၀၀ နာရီ အထိ) ကို တစ်ဦးလျှင် ၃၃ ဒေါ်လာ (သန့်ရှင်းလတ်ဆတ်တဲ့ ပင်လယ်စာ စားပွဲ၊ အသားကင်နဲ့ ဝိုင် အခမဲ့ သောက်သုံးခွင့် ပါဝင်) ကျသင့်မှာ ဖြစ်ပါတယ်။

Myanmar Food Festival at DCuisine 6 Credit to Sedona Hotel Yangon
    ညစာအနေနဲ့ တနလာင်္နေ့ ကနေ ကြာသပတေးနေ့ (ညနေ ၇း၀၀ နာရီ မှ ည ၁၁း၀၀ နာရီ အထိ) ကို တစ်ဦးလျှင် ၃၃ ဒေါ်လာ နဲ့ သောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေ (ညနေ ၇း၀၀ နာရီ မှ ည ၁၁း၀၀ နာရီ အထိ) ကို တစ်ဦးလျှင် ၃၆ ဒေါ်လာ (သန့်ရှင်းလတ်ဆတ်တဲ့ ပင်လယ်စာ စားပွဲ၊ အသားကင်နဲ့ ဝိုင် အခမဲ့ သောက်သုံးခွင့် ပါဝင်) ကျသင့်မှာ ဖြစ်ပါတယ်။ D’Cuisine မှာ ကြိုတင်စာရင်း ပေးထားချင်တယ် ဆိုရင်တော့ ၀၁ ၈၆၀ ၅၃၇၇ သို့ ဆက်သွယ်နိုင်ပါတယ်။

Read more about Here


Read times Last modified on Friday, 12 January 2018 02:53
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.