Tuesday, 09 January 2018 09:30

Ooredoo TopUp card Sample


    မိုဘိုင်းဖုန်း ငွေဖြည့်ခြင်းကို PIN နံပါတ်တွေပါရှိတဲ့ ခဲခြစ်ကတ်ပြား ဒါမှမဟုတ် ဖုန်းငွေ ဖြည့်သွင်းနိုင်တဲ့ စက္ကူဘောက်ချာတို့ကို မိုဘိုင်းဖုန်း အသုံးပြုသူ အများစုက အသုံးပြုပြီး ဖုန်းငွေ ဖြည့်သွင်းခြင်းကို ပြုလုပ်ကြပါတယ်။ မိုဘိုင်းဖုန်း သုံးစွဲသူတွေ ဖုန်းလက်ကျန်ငွေ ဖြည့်သွင်းတဲ့အခါ အဆင်ပြေချောမွေ့ လွယ်ကူစေဖို့ကို ရည်ရွယ်ချက်ပြီး အူရီဒူးမှ QR Code နဲ့ လွယ်ကူစွာ လျှင်မြန်စွာ ဖုန်းငွေ ဖြည့်သွင်းနိုင်တဲ့ ၀န်ဆောင်မှုအသစ်ကို ပေးအပ်လိုက်ပြီ ဖြစ်ပါတယ်။
အူရီဒူးရဲ့ ၀န်ဆောင်မှုကို ရယူထားသူတွေ အနေနဲ့ PIN နံပါတ်တွေကို အသုံးပြု၍ သော်လည်းကောင်း၊ QR code အသုံးပြု၍သော် လည်းကောင်း ဖုန်းငွေ ဖြည့်သွင်းနိုင်တဲ့ အကျိုးကျေးဇူးကို ရရှိနေကြပါတယ်။ ဒါ့ကြောင့် အူရီဒူးအနေနဲ့ မိုဘိုင်းဖုန်း အသုံးပြုသူတွေကို ငွေဖြည့်ကတ် ၀ယ်ယူတဲ့အခါမှာ PIN နံပါတ် နဲ့ QR code ပေါ်ရှိ ငွေမှင် အမှတ်အသားတွေကို သေချာ စစ်ဆေးဖို့ကိုလည်း သတိပေးထားပါတယ်။
မိုဘိုင်းဖုန်း အသုံးပြုသူတွေ အနေနဲ့ PIN နံပါတ်နဲ့ သာမက QR code နဲ့ နည်းလမ်း ၂ မျိုးစလုံးနဲ့ ဖုန်းငွေ ဖြည့်သွင်းနိုင်တဲ့အတွက် ဖုန်းငွေဖြည့်ကတ် ၀ယ်ယူတဲ့အခါမှာ သေချာ စစ်ဆေးသင့်တဲ့အချက် ၂ချက်ကတော့ PIN နံပါတ်ပေါ်မှာ အူရီဒူးလိုဂို အမှတ်အသားနဲ့ ငွေမှင်အုပ်ထားခြင်း၊ QR code ပေါ်မှာ “My Ooredoo App ကို အသုံးပြုပြိး QR Code ကြည့်ရန်” စာသားနဲ့ ငွေမှင်အုပ်ထားခြင်း တို့ဖြစ်ပါတယ်။
အမှတ်အသားတွေ ပါရှိတဲ့ ငွေမှင်အုပ်ထားပေးရတဲ့ အဓိက အကြောင်းရင်းကတော့ ငွေဖြည့်ကတ်မှာ ပါရှိတဲ့ ဖုန်းငွေတန်ဖိုးကို ကာကွယ်ပေးခြင်းဖြစ်ပြီး မရိုးသားတဲ့ သူတွေရဲ့ အတုအပပြုလုပ်ခြင်းမှ ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။
အူရီဒူးဆင်းကတ် အသုံးပြုသူတွေဟာ ယခုအခါမှာ QR Code ပါရှိတဲ့ ၃,၀၀၀ ကျပ်တန် ဖုန်းငွေဖြည့်ကတ်တွေကို ဈေးကွက်ထဲမှာ ၀ယ်ယူအသုံးပြုနိုင်ပြီ ဖြစ်ပြီး ၁,၀၀၀ ကျပ်တန် နဲ့ ၅,၀၀၀ ကျပ်တန် QR Code ပါရှိတဲ့ ဖုန်းငွေဖြည့်ကတ်တွေကို မကြာမီ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

ဖူးပွင့်သူ

Read more about Business Article Here


Read times Last modified on Tuesday, 09 January 2018 10:28
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.