Tuesday, 23 May 2017 07:55

 job stress
သင့်အနေနဲ့ အများသူငါလို ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဝန်ထမ်းတစ်ဦးဖြစ်မယ်ဆိုရင် သင့်ရဲ့အချိန်အများစုကို အလုပ်မှာနှစ်လိုက်ရတဲ့အခါတွေ များမှာပါ။ သင့်အလုပ်ခွင်အခြေအနေအားလုံးက သင့်ရဲ့ကျန်းမာရေးကို ဘယ်လို့ထိခိုက်စေနိုင်တယ်ဆိုတာ စဉ်းစားဖူးပါသလား။ အလုပ်နဲ့ပတ်သက်တဲ့ အချို့အလေ့အကျင့်တွေ နဲ့ အမူအကျင့်တွေက သင့်ရဲ့ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ ခံစားချက်ပိုင်း ဖွံ့ဖြိုးကျန်းမာမှုတွေကို ဆုတ်ယုတ်စေနိုင်ပါတယ်။ ဒီအကြောင်းကို လုံးဝမသိသေးသူတွေနဲ့ သိပေမယ့် သိပ်မရှင်းသူတွေအတွက် အလုပ်ခွင်ထဲက ကျန်းမာရေးထိခိုက်စေနိုင်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
 

အမြဲအချိန်ပို အလုပ်ဆင်းတာ
အခြားဖွံ့ဖြိုးပြီးနိုင်ငံတွေထက် ဖွံ့ဖြိုးဆဲနိုင်ငံတွေက အလုပ်လုပ်သူဝန်ထမ်းတွေဟာ နားချိန်နည်းနည်းသာရြှိ့ပီး ရှိရင်းစွဲသတ်မှတ်အလုပ်ချိန်ထက် အချိန်ပိုကြာအောင်အလုပ်ဆင်းရလေ့ရှိကြပါတယ်။ နားချိန်မရှိပဲ အလုပ်လုပ်တာက အလုပ်ခွင်မှာ ဝန်ထမ်းကောင်းတစ်ဦးအနေနဲ့ သင့်ကိုထင်ပေါ်စေမှာဖြစ်ပေမယ့် ရေရှည်မှာတော့ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။
ကန်းဆက်ခ်ျပြည်နယ်တက္ကသိုလ်ရဲ့ လေ့လာဆန်းစစ်ချက်အရ ရက်သတ္တပတ်ကို နာရီ ၅၀ ကြာ အလုပ်လုပ်ရသူတွေဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်း ဆုတ်ယုတ်မှုတွေ အခြားသူတွေထက်ပိုခံစားရတယ်လို့ ဆိုပါတယ်။ အဲဒီဝန်ထမ်းတွေဟာ အလုပ်များလှတဲ့အတွက် အစာလွတ်ရတဲ့အချိန်များပြီး ကိုယ်ပိုင်စိတ်ဖိစီးမှု ပိုမိုခံစားရသတဲ့။ နောက်တွေ့ရှိချက်တစ်ခုက တစ်နေ့ကို ၁၀ နာရီအလုပ်လုပ်ရသူတွေဟာ နှလုံးနဲ့ဆိုင်တဲ့ရောဂါဖြစ်နိုင်ခြေ ၆၀% ပိုမိုရှိပြီး ရုတ်တရက် အခြားဝန်ထမ်းတွေထက် နှလုံးလေဖြတ်တာ၊ နှလုံးထိခိုက်တာတွေကြောင့် အသက်ဆုံးရနိုင်ခြေ ပိုများတယ်လို့ ဆိုထားပါတယ်။
 

လှုပ်ရှားမှုကင်းမဲ့တာ
သင့်ရဲ့အလုပ်ချိန်အများစုက တစ်နေ့လုံး ထိုင်နေရတာ၊ ထနေရတာ၊ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများများစားစား မလိုတဲ့ အလုပ်မျိုးဆိုရင်တော့ ဒီအလုပ်အခြေအနေမျိုးက သင့်ကျန်းမာရေးအတွက် ပြဿနာများစွာသယ်ဆောင်လာနိုင်ပါတယ်။ ဒီလို ငြိမ်လုပ်ရမယ့်အလုပ်တွေက ခန္ဓာကိုယ်ကိုက်ခဲနာကျင်တာတွေအပြင် နှလုံရောဂါနဲ့ ဆီးချိုရောဂါတွေကို ခေါ်ဖိတ်နေတဲ့ သဘောပါပဲ။ ခန္ဓာကိုယ်ကို ကုန်းရတာ၊ ကွန်ပြူတာကို တစ်နေ့လုံးစိုက်ကြည့်ပြီး အလုပ်လုပ်ရတာ၊ ကွန်ပြူတာနဲ့ ကီးဘုတ်တွေကို အချိန်အကြာကြီး ထိတွေ့ကိုင်တွယ်ပြီး အလုပ်လုပ်ရတာတွေက သင့်ကြွက်သားတွေနဲ့ မျက်လုံးတွေကို ပင်ပန်းစေသလို ခန္ဓာကိုယ်ကိုက်ခဲနာကျင်ခြင်းရဲ့ အဓိကအကြောင်းရင်းတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒါတွေက အလွန်ပင်ပန်းနွမ်းနယ်နေတာ၊ ခြေထောက်ကြွက်တက်တာ နဲ့ ကျောပြင်ကိုက်ခဲနာကျင်တာတွေဖြစ်စေနိုင်တဲ့အချက်တွေဖြစ်တယ်လို့ Human Factor ဂျာနယ်က ဖော်ပြထားပါတယ်။

အီးမေးလ်အသုံးပြုမှုများလွန်းတာ
သင့်ရဲ့ အီးမေးလ်ကိုဖွင့်လိုက်ချိန် သင့်ရဲ့ Inbox ထဲမှာ မေးလ်တွေ အများအပြားတွေ့ရချိန် အများစုကို အချိန်မီအကြောင်းပြန်စာ ရေးရတော့မယ်ဆိုရင် သင်စိတ်ဖိစီးမှုများဖို့ သေချာနေပါပြီ။ ဗြိတိသျှကိုလံဘီယာတက္ကသိုလ်ရဲ့ လေ့လာဆန်းစစ်ချက်အရ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေနဲ့ အီးမေးလ်အသုံးပြုမှု ချိတ်ဆက်နေတာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် တစ်နေ့ကို သင့်ရဲ့အီးမေးလ်အသုံးပြုမှု လျှော့ချသတ်မှတ်ထားဖို့ လိုပါလိမ့်မယ်။

ခဏနားချိန်တောင် မရှိတာ
ပုံမှန်နားချိန်ခဏပေးတာက ဝန်ထမ်းတွေအတွက် ဖြေဆေးဖြစ်နိုင်ပါတယ်။ Staples အဖွဲ့အစည်းရဲ့ လေ့လာဆန်းစစ်ချက်အရ ဝန်ထမ်းဦးရေ လေးပုံ တစ်ပုံက သူတို့ရဲ့အလုပ်စားပွဲကို စွန့်ရမှာလိပ်ပြာမလုံဖြစ်ကြပြီး နေ့လည်စာစားချိန်ကလွဲလို့ နားချိန်မယူတတ်ကြဘူးလို့ ဆိုပါတယ်။ ဒီလိုနားချိန်မရှိတာက အလုပ်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှုခံစားရစေနိုင်တဲ့ အချက်ပါပဲ။ လေ့လာချက်အရ ဝန်ထမ်း ၆၀% က ခဏနားချိန်ဆိုတာ သူတို့ရဲ့အလုပ်ခွင်ပျော်ရွှင်မှုကို ပိုမိုရရှိစေတယ်လို့ဆိုပြီး ၄၂%က သူတို့ကိုယ်ပိုင်ပုဂ္ဂိုလ်ရေးပျော်ရွှင်မှုကို တိုးမြင့်စေနိုင်တယ်လို့ ဆိုပါတယ်။ ထပ်လောင်းပြီး ဝန်ထမ်း ၃၇% က ပုံမှန်နားချိန်ရတာက သူတို့ရဲ့ကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

စောစော အငြိမ်းစားယူတာ
အလုပ်ရပ်နားပြီး အငြိမ်းစားယူဖို့ ဝန်ထမ်းများစွာက မျှော်လင့်ကြပေမယ့် အနားမယူခင် သေချာစဉ်းစားသင့်ပါတယ်။ သြစတေးလျပညာရှင်တွေရဲ့ သုတေသနပြုချက်အရ အသက် ၆၇ မရောက်ခင်မှာ စောစောအငြိမ်းစားယူတဲ့ ပုဂ္ဂိုလ်တွေဟာ အခြားသူတွေထက် အသက်ဆုံးရနိုင်ခြေများတယ်လို့ ဆိုထားပါတယ်။ လေ့လာချက်အရ အလုပ်နားသူတွေဟာ အငြိမ်းစားယူတာနဲ့ ချက်ချင်းပဲ ဆေးလိပ်၊ အရက်သောက်တာ၊ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ စားသောက်နေထိုင်ပုံနဲ့ ပုံမမှန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တတ်ကြလို့ဖြစ်တယ်လို့ဆိုပါတယ်။

ကိုယ်နဲ့အဆင်မပြေတဲ့အလုပ်ကို ဆက်လုပ်နေတာ
ကိုယ်မလုပ်ချင်တဲ့အလုပ်ခွင်မှာ ဆက်နေတာက သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ပါတယ်။ အခြားအလုပ်အကိုင်အခွင့်အလမ်းတွေကို လစ်လျူရှုပြီး အခြေအနေတစ်ခုခုကြောင့် မိမိမုန်းတီးတဲ့အလုပ်ခွင်မှာ ဆက်လုပ်နေသူတွေဟာ အခြားဝန်ထမ်းတွေထက် ကိုယ်လက်ပင်ပန်းနွယ်နယ်တဲ့လက္ခဏာတွေ၊ စိတ်ဖိစီးမှုစတဲ့ ဆုတ်ယုတ်မှုတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ပိုမိုခံစားရပါတယ်။ အလုပ်ခွင်ထဲမှာ အဖွဲ့အစည်းနဲ့ စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုကင်းမဲ့တာ၊ တာဝန်အရလုပ်ကိုင်ပြီး မိမိကိုယ်ကို ထိန်းချုပ်ရတာတွေက အချိန်ကြာလေ ခံစားရသူရဲ့ ရုပ်ခန္ဓာနဲ့ စိတ်ကို ထိခိုက်ဆုတ်ယုတ်စေတယ်လို့ သုတေသနပြုချက်တစ်ခုက ဆိုပါတယ်။

အလုပ်ခွင်မှာ မိတ်ဆွေကင်းမဲ့တာ
LinkedIn ရဲ့ သုတေသနပြုချက်အရ အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးက ဝန်ထမ်းတစ်ဦးရဲ့ လုပ်နိုင်စွမ်းနဲ့ စိတ်တက်ကြွမှုကို မြင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ အခြားတစ်ဖက်မှာတော့ ဒီလိုအလုပ်ခွင်အတွင်း ဆက်ဆံရေးကျဲပါးတာတွေက ဝန်ထမ်းတစ်ဦးကို ရုပ်ပိုင်းနဲ့ စိတ်ပိုင်းကျန်းမာရေးအခြအနေ ဆုတ်ယုတ်မှုဆီ တွန်းပို့စေနိုင်တယ်လို့ လေ့လာဆန်းစစ်ချက်တွေအရ သိရပါတယ်။

ဇွန်မာန်

Read More Articles Here


Read times Last modified on Wednesday, 24 May 2017 09:28
Rate :
(1 Vote)

166 comments

  • Jenifer Kuniyoshi
    Comment Link

    I constantly spent my half an hour to read this website's content everyday along with a cup of coffee.|

    Thursday, 16 January 2020 00:47 posted by Jenifer Kuniyoshi
    Report
  • Dominga Balasa
    Comment Link

    Hey. Do you know what engineering grid paper is? If not, then I propose you read two articles: 1) How does writing an essay on engineering and technology help students choose well-paid jobs?[/url] , which really tells how learners come to choose the desired occupation, how to finish university, studying in this speciality, how to find employment after graduation, in which universities do in order to become a specialist in this field, do I need to certify in order to get a employment in this field. 2) Buy an essay on engineering and technology[/url] , which tells about one of the best teams that assists juniors not only with writing variant essays but also with writing various works of varying complexity. Thanks to these two articles, you will be able to understand what essay on engineering and technology is and to understand whether you need to train to write. Even if you do not need to train to write to them, then learning something new in the field of education is always useful for every person.

    Tuesday, 14 January 2020 08:48 posted by Dominga Balasa
    Report
  • Franklyn Levere
    Comment Link

    When I initially commented I clicked the "Notify me when new comments are added" checkbox and now each time a comment is added I get three emails with the same comment. Is there any way you can remove me from that service? Thanks!|

    Tuesday, 14 January 2020 07:52 posted by Franklyn Levere
    Report
  • Jake Brannan
    Comment Link

    Do you have a spam problem on this blog; I also am a blogger, and I was curious about your situation; we have developed some nice practices and we are looking to exchange techniques with other folks, please shoot me an email if interested.|

    Friday, 27 December 2019 10:19 posted by Jake Brannan
    Report
  • Madelene Woodbridge
    Comment Link

    Hi there, You've done a fantastic job. I'll definitely digg it and personally suggest to my friends. I'm sure they'll be benefited from this web site.|

    Friday, 27 December 2019 09:49 posted by Madelene Woodbridge
    Report
  • Hae Puffenberger
    Comment Link

    Pretty! This has been an incredibly wonderful post. Many thanks for supplying this info.|

    Thursday, 26 December 2019 06:26 posted by Hae Puffenberger
    Report
  • Anderson Alby
    Comment Link

    I was suggested this web site by means of my cousin. I am not positive whether this post is written via him as no one else recognize such certain about my trouble. You're incredible! Thank you!|

    Thursday, 26 December 2019 06:26 posted by Anderson Alby
    Report
  • Gale Loertscher
    Comment Link

    Thank you for another informative site. The place else could I get that type of information written in such a perfect method? I've a challenge that I'm simply now working on, and I've been on the look out for such information.|

    Thursday, 26 December 2019 06:26 posted by Gale Loertscher
    Report
  • Kristopher Sikora
    Comment Link

    Hi, Neat post. There is a problem along with your web site in internet explorer, would test this? IE nonetheless is the marketplace leader and a big part of other folks will pass over your fantastic writing due to this problem.|

    Sunday, 22 December 2019 00:26 posted by Kristopher Sikora
    Report
  • Karl Bouler
    Comment Link

    My partner and I stumbled over here coming from a different web page and thought I may as well check things out. I like what I see so i am just following you. Look forward to looking into your web page for a second time.|

    Saturday, 21 December 2019 23:52 posted by Karl Bouler
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.