Thursday, 18 May 2017 09:28

IMG 9156

ဒီတစ်ပတ်မှာတော့ လူငယ်တွေ GYM ဆော့ကစားတာတွေနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ နည်းလမ်းတွေအကြောင်းနဲ့ ခန္ဓာကိုယ်အချိုးအစားအပေါ် မူတည်ပြီး GYM ကို စနစ်တကျ ကစားသင့်တယ်လို့ Training Ground Myanmar ရဲ့ မန်းနေးဂျင်း ဒါရိုက်တာဖြစ်သူ ဒေါက်တာအောင်ထက်သူက ပြောပြထားပါတယ်။


Training Ground Myanmar အကြောင်းလေးကို အရင်ဆုံးမိတ်ဆက်ပေးပါဦး။
Training Ground Myanmar  ကတော့ Fitness လောကမှာ အသစ်ပေါ့။ သူများတွေ မလုပ်သေးတဲ့ International မှာ Training ဖြစ်နေတဲ့ဟာကို ကျွန်တော်တို့က ဒီမှာ အချိန်နဲ့ တပြေးညီ တိကျတဲ့ နည်းစနစ်တွေနဲ့ မှန်မှန်ကန်ကန် လေ့ကျင့်လို့ရအောင်  ဆောင်ရွက် ပေးနေတာပါ။ ပြီးတော့ ကျွန်တော်တို့ ဦးတည်တာကတော့ ကျန်းမာတဲ့ ဘဝပုံစံရအောင်ရယ် လူတွေ နေ့စဉ်လှုပ်ရှား သွားလာနေတဲ့ လူတွေရဲ့ ဏနမ်သမာညေခန တွေကို အကောင်းဆုံး ဖြစ်အောင်လို့ လေ့ကျင့်ပေးတာပေါ့။

အစ်ကိုတို့အနေနဲ့ Training Ground Myanmar ကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ စခဲ့တာလဲ။
ကျွန်တော်ကလည်း အရင်တုန်းကGYM ဆော့တယ်။ ကျွန်တော်တို့ ဒီမှာ Personal Trainer ကို တစ်ဦးချင်း ယူကြည့်တဲ့အခါမှာ ဒီမှာရှိတဲ့ Trainနမ တော်တော်များများက Personal Training ဆိုတာကို မသိကြဘူး။ ဗဟုသုတလည်း သိပ်မရှိကြဘူး။  ပြီးတော့

မာဆယ်လ်တွေကြီးဖို့အတွက်ဆိုပြီး  ဝိတ်မကြတယ်။ မာဆယ်လ်ကြီးဖို့ အတွက်က တစ်နေ့ကို ၂ နာရီ ၃ နာရီလောက် အချိန်ယူရတယ်။ အစားအသောက်တွေ အများကြီး စားရတယ်။  ဘာအကျိုးရှိလဲ ဆိုတော့ Body Beauty တော့ ဖြစ်လာမယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာမျိုး ဖြစ်လာမယ်။ အချိန်တွေ အများကြီးပေးရတာနဲ့ တန်လား ပြန်တွေးကြည့်တော့ ကျွန်တော်က Personal Training ဘက်ကို လုပ်ဖို့ ပိုပြီး အားသန်သွားတယ်။ ကျွန်တော်တို့ သွားမယ့်ဟာ က Personal Training ပေါ့။  ကျွန်တော်တို့ရဲ့ ရည်ရွယ် ချက်တစ်ခုက GYM ဆော့တာရဲ့  အကျိုးကျေးဇူး တွေရှိသလို ကိုယ်ဝါသနာပါတဲ့ Sport တွေကို လုပ်ရင်လည်း အထောက်ကူပြုတယ်ပေါ့။ ဥပမာ ဘောလုံးပဲ ကန်ကန် ဘက်စကတ်ဘောပဲ ဆော့ဆော့ သူ့အတွက် Factional Training က အရေးကြီးတယ်။ ခန္ဓာကိုယ်အပြင် စိတ်ကိုပါ Train ပေးနိုင်တဲ့ GYM က တစ်ခုလောက် ရှိမယ်ဆိုရင် အရမ်းကောင်းမှာပဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ခဲ့တာပါ။

ဒီမှာ လေ့ကျင့်ပေးတဲ့ နည်းလမ်းတွေကိုရော ဘယ်လို ရေးဆွဲထားတာလဲ။
 နိုင်ငံတကာမှာ သုံးနေတဲ့ နည်းပညာတွေနဲ့ အမြဲတမ်း ပြန်ပြီး လေ့လာတယ်။ သူတို့ဆီက နည်းလမ်းတွေကို ကိုးကားပြီး ယူရတာပေါ့။ ပြီး တော့မှ ကိုယ့်မြန်မာလူမျိုးတွေနဲ့ ဘယ်ဟာတွေက သင့်တော်မလဲ ကြည့်ရတယ်။  အဲဒီအပြင်ကို ကျွန် တော်တို့ရဲ့ အားသာတဲ့နောက်တစ်ချက်က Medical Knowledge ပေါ့။ တချို့ လေ့ကျင့်ခန်းတွေက ဆေးပညာအရ ကြည့်ရင် ဒဏ်ဖြစ်နိုင်တယ် ဆိုပြီး နောက်ကနေ ပြန်ထိန်းတယ်။ အဲဒါကြောင့်လည်း ကျွန်တော်တို့ဆီက လေ့ကျင့်ခန်းတွေက သူများတွေ နဲ့ မတူဘူး။ သူများတွေက များသောအားဖြင့် နိုင်ငံခြားက Programတွေ ဝယ်တယ်။ US ကလာတဲ့ Program တစ်ခုက အာရှဘက်ကို လာတဲ့အခါ Body အချိုးအစားချင်း မတူတော့ သူတို့အတွက် အကျိုးရှိ ချင်ရှိမယ်။ ဒီက လူတွေအတွက်တော့ အကျိုးမရှိဘူး။ အဲဒီတော့ ကျွန်တော်တို့က ပြန်လေ့လာပြီး ဒီကလူ တွေနဲ့ သဟဇာတဖြစ်အောင် ပြန်လုပ်ထားတယ်။

မြန်မာနိုင်ငံကလူတွေအနေနဲ့ GYM ဆော့ကစားမှု အ ပေါ် ဘယ်လောက်ထိ စိတ်ဝင်စားမှုရှိကြလဲ။ ပြီးတော့ ခန္ဓာကိုယ်ထိန်းသိမ်းမှုအပိုင်းမှာရော ဘယ်လိုရှိတယ် ဆိုတဲ့ အကို့ရဲ့ အမြင်လေးကို ပြောပြပေးပါဦး။
Body Beauty နဲ့ ပတ်သက်ရင်တော့ အရင်က တည်းက Personal Training ဆိုတာကို ဒီက လူတွေက အာရုံစိုက်မှုလည်း နည်းတယ်။ မာဆယ်လ် တွေကိုပဲ များသောအားဖြင့် Train ကြတယ်။ အဲဒါ တွေက Train ရတာလည်း မြန်တယ်။ အမြင်အရလည်း ကြီးထွက်လာတယ်။ တကယ်တမ်း အသေး စိတ်ကြည့်တဲ့အခါ Small Muscle တွေ ကလည်း အရေးကြီးတယ်။ Small Muscle တွေက ကြီးမလာ ဘူး။ သူနဲ့ Big Muscle တွေနဲ့ သဟဇာတမဖြစ် ဘူးဆိုရင် တော်တော်ကြည့်ရ ဆိုးတယ်။ တကယ် တမ်း ပရော်ဖက်ရှင်နယ် ပြိုင်ပွဲတွေသွားပြီဆိုရင် ဒါတွေကိုကြည့်တယ်။ တချို့က Train ရင်းနဲ့ပဲ ကိုယ် လိုချင်တဲ့ ပုံစံရမလာဘူးဆိုတာ နည်းစနစ် မှားနေလို့ပါပဲ။ ဒါကြောင့် ကျွန်တော်တို့က ပြန်ညှိရ တယ်။ ပြေးတာ မကောင်းဘူးလားဆိုတော့ သူမှာ ဆိုးကျိုး အများကြီးရှိတယ်။ ဝပါတယ်ဆိုတဲ့ လူတစ် ယောက်ကို ဒီခြေထောက်၂ ချောင်းပေါ်မှာ ဖိပြီး တော့ ပြေးခိုင်းတယ်။ လမ်းလျှောက်ခိုင်းတယ် ဆို တော့ ဒီလူတွေရဲ့ အရိုးအဆစ်တွေက ကြာလာရင် ဒဏ်ဖြစ်လာရော။ အရင်ကတည်းကမှ ဝိတ်ရှိနေတဲ့ အတွက်ကြောင့်မို့ ဒဏ်ဖြစ်နေရာက ပြေးခိုင်းတာ လမ်းလျှောက်ခိုင်းတာတို့ ပိုဆိုးလာတယ်။ ပိုထိလာ တယ်။ သူရဲ့ပြေးပုံပြေးနည်း မမှန်ဘူးဆိုရင် ပိုထိ တယ်။ အဲ့ဒီမှာ ပိန်ချင်တာက မပိန်ရဘဲ ခါးနာတာတို့ ဘာတို့တွေ ဖြစ်လာရော။ အဓိကက လူတစ်ယောက် က မွေးကတည်းက သူမှာ သူ့အချိုးအစားနဲ့သူ ဖြစ် နေပြီးသား။ အရမ်းကြီး သွားလုပ်ယူလို့ မရဘူး။ အဲ့ဒီတော့ သူရဲ့ရုပ်လက္ခဏာထက် သူ့ရဲ့ကျန်းမာရေး ကိုပဲ ဂရုစိုက်ရမယ်။ ကိုယ့်အတွက် ကျန်းမာရေးက အရေးကြီးဆုံးပဲ။ ဒါကြောင့်မို့ ကျွန်တော်ဆီကို လာပြီ ဆိုရင် ခန္ဓာကိုယ်အချိုးစားကို သေချာတိုင်းတယ်။ ထွက်လာတဲ့ အချက်အလက်ပေါ် မူတည်ပြီး ဘာ ဆေးသောက်မလဲ၊ ဘယ်လို အစားအစာမျိုးစားမလဲ၊ ဘယ်လို လေ့ကျင့်ခန်းမျိုး လုပ်မလဲ။ အဲဒီလို အသေး စိတ်သွားရတာ။

မြန်မာနိုင်ငံက လူငယ်တွေ Body အလှထိန်းတာနဲ့ ပတ်သက်ပြီး လိုက်နာသင့်တဲ့အချက်တွေရှိရင် ပြောပြ ပေးပါဦး။
ကျွန်တော်ပြောချင်တာကတော့ လက်ရှိလူငယ် တွေ တော်တော်များများ လက်ခံထားတာက ခန္ဓာကိုယ် ကြီးအောင် ဝိတ်မရတယ်ပေါ့။ လူငယ်ဆိုတာ အရမ်း အရေးကြီးတယ်။ အခုဆိုရင် မော်ဒယ်တွေ ဆိုလည်း ခန္ဓာကိုယ်တောင့်တောင့်နဲ့ အရမ်းအားကျ လာကြ တယ်။ ၈ နှစ်၊ ၉ နှစ် အရွယ်တွေကို လေ့ကျင့် ခန်းလုပ်ဖို့ဆိုပြီး မိဘတွေက လာထားကြတယ်။ အဲ့ဒီမှာ Trainer အရေးကြီးတယ်။ ကျွန်တော်တို့ဆိုရင် သူတို့ကို ကြည့်လိုက်တာနဲ့ လမ်းလျောက်တာ မှားနေတာ လွဲနေတာ တွေ့ရတယ်။ သူတို့ ငယ်ငယ်အခါ ထဲက သေးခံလေးတွေ ဝတ်ပေးတော့ အဲ့ဒါတွေက ဒုက္ခပေး နေတာ။ လမ်းလျှောက်ရင် ခြေတွေ ခွင်ကုန် ရော ပြီးတော့ ကလေးတွေကို ချစ်တော့ ချီချီထား ကြတယ်။ အဲ့ဒီဒဏ်တွေက ခံနေကြရတယ်။ အဲဒီ တော့ သူတို့အရိုးရဲ့ ကြံ့ခိုင်မှုကို ကြည့်ရတယ်။ ကျွန် တော်တို့ဆို လမ်းလျောက်တာလွဲနေရင် အရင်ဆုံး ဒါကို တည့်ပေးပြီးတော့မှ လေ့ကျင့်ခန်းတွေ ပေး လုပ်တယ်။ ပြီးတော့ ၁၅နှစ်ကျော် လူငယ်တွေပေါ့။ သူတို့က ခန္ဓာကိုယ် ကြီးချင်တာနဲ့ ဆေးတွေ ဇွတ် သောက်၊ အလေးတွေ ဇွတ်မနဲ့ သူ့ရဲ့အရိုးကို သွားပြီး ထိခိုက်တယ်။ တချို့ဆိုရင် အရပ်ရှည်ရမယ့် ဟာက မရှည်တော့ဘူး။  တချို့ဆို ခန္ဓာကိုယ်က ကြီးပြီး အရပ်က ပုနေတယ်။ ဒါတွေက အယူအဆလွဲတာပေါ့။ ဒါကြောင့် Trainနမ က အရေးကြီးတယ်။ Trainer ရဲ့ Education က အရေးကြီးတယ်။ ဒါကြောင့် GYM တွေ သွားမယ်ဆိုရင် Trainer ရဲ့ Education သူရဲ့ Background ဒါတွေကို လေ့လာကြပါလို့ပဲ ပြောချင်ပါတယ်။

ဖူးပွင့်သူ

Read More Articles Here


Read 327 times Last modified on Friday, 19 May 2017 11:00
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.