နိုင်ငံတကာခရီးသွားပြပွဲကြီး

နိုင်ငံတကာခရီးသွားပြပွဲကြီး

From January 07, 2019 07:32 until January 22, 2019 09:32

At တပ်မတော်ခန်းမ

Posted by Khine Khine Wai

Categories: Events & Exhibitions

Hits: 143


နိုင်ငံတကာခရီးသွားပြပွဲကြီးကိုဇန်နဝါရီလ (၁၂) ရက်နေ့နဲ့ (၁၃) ရက်နေ့၊ တပ်မတော်ခန်းမမှာစည်ကားသိုက်မြိုက်စွာကျင်းပမှာဖြစ်ပါတယ်။ (၂၀၁၉) ခုနစ်မှာပြည်ပခရီးသွားမယ့်သူတွေအနေနဲ့တက်ရောက်သင့်တဲ့ပြပွဲကြီးဖြစ်ပါတယ်။


ဒီပွဲကြီးရဲ့ထူးခြားချက်ကတော့ အခြားပွဲတွေလို မဟုတ်ဘဲ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကဦးစီးပြီးကျင်းပတဲ့အတွက်အသေးစားပွဲမျိုးမဟုတ်ဘဲစည်ကားသိုက်မြိုက်စွာကျင်းပမယ့်ပွဲကြီးဖြစ်ပါတယ်။

50297796 2266177710375230 202413317510135808 n

ဒါကြောင့်ပြပွဲမှာဖွင့်လှစ်ထားတဲ့Outboundလိုင်စင်ရခရီးသွားကုမ္ပဏီများ၊ပြည်တွင်းပြည်ပလေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ပြည်ပဆေးရုံများ၊ ခရီးသွားလုပ်ငန်းများ၊ ဘဏ်များ၊ ပို့ဆောင်ရေးလုပ်ငန်းများကိုလေ့လာကြည့်ရှုပြီးသက်သာတဲ့ဈေးနှုန်းများဖြင့် စိတ်ချယုံကြည်စွာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

ဒါ့အပြင် ပွဲကိုလာပြီး ဝယ်ယူအားပေးတဲ့သူများအတွက် လေယာဉ်လက်မှတ်၊ ဟိုတယ်တစ်ညတည်းခိုခွင့်၊ ဘောလုံးစီးခွင့်စတဲ့အဖိုးတန်ဆုမဲများကိုဖောက်ပေးသွားမယ့်အစီအစဉ်ရှိကြောင်း သတင်းကောင်းပါးရင်းနိုင်ငံတကာခရီးသွားပြပွဲကြီးကို တက်ရောက်ကြဖို့ လေးစားစွာ ဖိတ်ကြားလိုက်ပါတယ်။

source;Myanmar International Travel Mart - MITM 2019