မြန်မာ့စားသောက်ကုန်ပြပွဲနှင့် မြန်မာ့လက်လီလုပ်ငန်း ကုန်စည်ပြပွဲ

မြန်မာ့စားသောက်ကုန်ပြပွဲနှင့် မြန်မာ့လက်လီလုပ်ငန်း ကုန်စည်ပြပွဲ

From July 24, 2019 06:39 until August 17, 2019 17:30

At တပ်မတော်ခန်းမ

Posted by Khine Khine Wai

Categories: Events & Exhibitions

Tags: events in yangon , Events , Events & Exhibitions , Myanmar FoodBev , Myanmar Retail Sourcing

Hits: 382


၆ ကြိမ်မြောက် မြန်မာ့စားသောက်ကုန်ပြပွဲနှင့် ၄ ကြိမ်မြောက် မြန်မာ့လက်လီလုပ်ငန်း ကုန်စည်ပြပွဲကို သြဂုတ်လ ၁၅ရက်မှ ၁၇ရက်နေ့ အထိ တပ်မတော်ခန်းမတွင် မနက် ၉:၃၀ မှ ညနေ ၅:၃၀ အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

လုပ်ငန်းရှင်များအတွက် စီးပွားရေးအသစ်များ ရရှိနိုင်မည့် အခွင့်အရေးများ၊ လက်ရှိစီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်မှုအားသာချက် အားကောင်းလာစေရန်နှင့် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်ချင်း ချိတ်ဆက်နိုင်မည့် ပလက်ဖောင်းတစ်ခု ဖြစ်လာစေရန် ရည်ရွယ်ကာ အဆိုပါပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

ပြပွဲအတွင်း နောက်ဆုံးပေါ် အစားအသောက်နှင့် အဖျော်ယမကာ လုပ်ငန်းများအတွက် လိုအပ်သည့် ကုန်ကြမ်း၊ ကုန်ချောပစ္စည်းများအပြင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း (MRA) နှင့် မြန်မာနိုင်ငံ လက်လီလုပ်ငန်းရှင်များအသင်း (MMRA) တို့၏ အားဖြည့် ကူညီပေးမှုဖြင့် နည်းပညာပိုင်းဆိုင်ရာများနှင့် လက်လီလုပ်ငန်းများအတွက် လိုအပ်သည့် ကုန်ပစ္စည်းများကိုလဲ ပါဝင်ပြသသွားမည် ဖြစ်သည်။

>>> ကော်ဖီသောက်ရင်း ဓာတ်ပုံလှလှလေး ရိုက်လို့ရမယ့် ကော်ဖီဆိုင် (၅) ခု

ယင်းကုန်စည်ပြပွဲတွင် ပြည်တွင်းမှ ပါဝင်ပြသသူများအပြင် ထိုင်း၊ ကိုရီးယား နှင့် ဆော်ဒီအာရေဗျ နိုင်ငံများမှလဲ ပါဝင်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

လက်လီလက်ကားရောင်းချသူများ စူပါမားကတ်၊ အသင့်ဝယ်ကုန်ဆုံဆိုင် လုပ်ကိုင်သူများနှင့် စွန့်ဦးတီထွင်သူများအနေဖြင့် လာရောက် လေ့လာသင့်သော ပြပွဲတစ်ခုဖြစ်ပြီး စားသောက်ကုန် နယ်ပယ်အတွက် အချိတ်အဆက်များကိုလဲ လွယ်လွယ်ကူကူရှာဖွေနိုင်မှာ ဖြစ်သည်။

ပြပွဲသို့ လာရောက်လိုပါက www.myanmarfoodbev.com ဝက်ဆိုဒ် နှင့် www.myanmarnetailsourcing.com တို့တွင် ကြိုတင် စာရင်းပေးသွင်းနိုင်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉၂၅၀၂၀၃၄၈၉ ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။