ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်အားလိုင်းနှင့် ထိစပ်နေသော သစ်ပင်၊သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို (၂၅.၁၁.၂၀၂၁) မနက်(၉)နာရီမှ နေ့လည်(၁)နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နေစဥ်အတွင်း
- ဒဂုံမြို့သစ် (မြောက်ပိုင်း)၊
- ဒဂုံမြို့သစ် (တောင်ပိုင်း)၊
- သာကေတ၊
- ပုဇွန်တောင်၊
- ကြည့်မြင်တိုင်၊
- စမ်းချောင်း၊
- လသာ၊
- ကမာရွတ်၊
- လမ်းမတော်၊
- ဗဟန်း၊
- လှိုင်၊
- မရမ်းကုန်း၊
- အလုံ၊
- သန်လျင်၊
- ထောက်ကြန့်၊
- လှည်းကူး၊
- ထန်းတပင် မြို့နယ်များရှိ ရပ်ကွက်အချို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း
ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်မှ ကြေညာချက်ထုတ်ပြန်ထားသည်။