စက်တင်ဘာ (၉) ရက်နေ့ တစ်ရက်လုံး ရန်ကုန်မြို့တွင်း မြို့နယ်များတွင် ရေပြတ်တောက်မည်

Ads Ads Ads

by Win May May Htay

ရန်ကုန်တိုင်းရှိ မြို့တွင်းမြို့နယ် (၁၂) ခုတွင် လာမည့် စက်တင်ဘာလ (၉) ရက်နေ့ မနက် (၉) နာရီမှ ည (၉) နာရီအထိ ရေအားပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေရရှိရေးနှင့် ရေပေးဝေရေး တာဝန်ခံအဖွဲ့မှ ထုတ်ပြန် ကြေညာထားသည်။

မြို့တော်စည်ပင်အနေဖြင့် ကုက္ကိုင်းကန်အဆင်း 42” Ǿ MS ပိုက်လိုင်းတွင် 42” Ǿ Butterfly Valve တပ်ဆင်ခြင်း လုပ်ငန်းအား ဆောင်ရွက်သွားမည် ဖြစ်ပြီး ထိုသို့ လုပ်ဆောင်နေသည့် ကာလအတွင်း အောက်ပါမြို့နယ်များတွင် ရေအားပြတ်တောက်ခြင်း ဖြစ်ပေါ်မည် ဖြစ်သည်။

ရန်ကုန်ရှိ ရေအားပြတ်တောက်မည့် မြို့နယ် (၁၂) မြို့နယ်မှာ -

  • ဗဟန်းမြို့နယ်
  • ဒဂုံမြို့နယ်
  • ကြည့်မြင်တိုင်မြို့နယ်
  • စမ်းချောင်းမြို့နယ်
  • အလုံမြို့နယ်
  • ကျောက်တံတားမြို့နယ်
  • ပန်းဘဲတန်းမြို့နယ်
  • လသာမြို့နယ်
  • လမ်းမတော်မြို့နယ်
  • ဗိုလ်တစ်ထောင်မြို့နယ်
  • ပုဇွန်တောင်မြို့နယ်
  • တာမွေမြို့နယ် တို့ ဖြစ်သည်။


ရန်ကုန်မြို့ အနောက်ပိုင်းခရိုင်နှင့် မြို့တွင်းမြို့နယ်များအား ကုက္ကိုင်းရေလှောင်ကန်မှတစ်ဆင့် အဓိက ရေဖြန့်ဝေပေးလျက်ရှိပြီး ရေဖိအား ညီမျှစွာ ရရှိစေရန်နှင့် အချိန်ပိုင်း ရေပေးဝေရေးစနစ် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါလုပ်ငန်းစဉ်ကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

အထက်ပါ မြို့နယ်များတွင် နေထိုင်သူများအနေဖြင့် မိမိတို့၏ နေအိမ်၌ ရေသုံးစွဲမှု အခက်မတွေ့စေရေးအတွက် သုံးရေများ ကြိုတင် စုဆောင်းထားကြရန်လည်း မြို့တော်စည်ပင်မှ အသိပေး‌ ကြေညာထားသည်။

Yangon Trend Read 64618 times