ရန်ကုန်မြို့တွင်းသို့ ရေပေးဝေနေသော လှော်ကားရေတွန်းစက်ရုံရှိ ရေတွန်းစက်ကြီးများကို လျှပ်စစ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်သည်။ ထိုပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) နှင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည် ။ ထို့ကြောင့် (၁၈-၉-၂၀၂၀) ရက်နေ့ သောကြာနေ့ (၁၁:၀၀) နာရီမှ (၁၄:၀၀) ထိရေပေးဝေမှုကို ခေတ္တရပ်နားထားမည်ဖြစ်သည်။
ထိုသို့ရပ်နားထားမှုကြောင့် မြို့နယ်အချို့တွင် ရေအားလျော့ကျခြင်းနှင့် ရေပြတ်တောက်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။ အဆိုပါမြို့နယ်များမှာ
ထို့ကြောင့် အဆိုပါမြို့နယ်တွင်နေထိုင်ကြသော ပြည်သူများအနေဖြင့် ရေကြိုတင်စုဆောင်းထားရန် အသိပေးအပ်သည် ဟု မြို့တော်စည်ပင်ကကြေညာထားသည်။