ကိုဗစ်ကာလခရီးသွားလုပ် ဆက်စပ်လုပ်ငန်းများတွင် အလုပ်လက်မဲ့များပြားလျက်ရှိ

Ads Ads Ads

ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ခရီးသွားကုမ္ပဏီများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ အငှားယာဉ်မောင်းများနှင့်ပိုင်ရှင်များ၊ ပြည်တွင်းခရီးသွားများကို အမှီပြုလုပ်ကိုင်နေသည့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းအားလုံးမှ အလုပ်သမား ဝန်ထမ်းများအပါအဝင် ပေါင်းလိုက်ပါက (၈) သိန်းကျော်ရှိပြီး ယင်းတို့ ထဲမှ (၅၆၀,၀၀၀) ဝန်းကျင် အလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း၊ အဆိုပါစာရင်းကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းအဖွဲ့အစည်းများက တွက်ချက်ထားခြင်းဖြစ်ကြောင်းဆိုသည်။

လျော့ချလိုက်သည့် ဝန်ထမ်းများမှာ စုစုပေါင်း၏ (၇၀%) အထိရှိကြောင်းသိရှိရသည်။လက်ရှိတွင် COVID-19 ကာကွယ်ဆေးများအား မြန်မာနိုင်ငံတွင် စတင်ထိုးနှံပေးနေပြီ ဖြစ်သောကြောင့် (၂၀၂၁) ခုနှစ်တွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာပါက ဝန်ထမ်းများလည်း ပြန်လည်ခန့်ထားနိုင်မည်ဖြစ်ကြောင်း ဆိုသည်။

 

 

Yangon Trend Read 272 times