မိုးသက်လေပြင်း တိုက်ခတ်ပြီး သစ်ပင်၊ သစ်ကိုင်းများ လဲကျ၊ ကျိုးပြိုကျခြင်းကြောင့် လျှပ်စစ်မီး ပြတ်တောက်ပါက ရေပေးဝေမှုလည်း ပြတ်တောက်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့မှ အသိပေး ကြေညာထားသည်။
ထို့ကြောင့် ရန်ကုန်ရှိ မြို့နယ်များအတွင်း နေထိုင်သူများအနေဖြင့် အဆိုပါမုန်တိုင်း မဝင်ရောက်မီကာလအတွင်း သောက်သုံးရေကို လုံလောက်အောင် ကြိုတင် စုဆောင်းထားကြရမည် ဖြစ်သည်။
ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့အနေဖြင့် ဂျိုးဖြူ၊ လှော်ကား၊ ဖူးကြီး၊ ငမိုးရိပ် ရေလှောင်ကန်ကြီးများ၊ ငမိုးရိပ် ရေသန့်စင်စက်ရုံ၊ လဂွန်းပြင် ရေသန့်စင်စက်ရုံနှင့် အဝီစိတွင်းများမှ လျှပ်စစ်ဓာတ်အား အသုံးပြု၍ ရန်ကုန်သို့ ရေပေးဝေလျက် ရှိသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မေလဆန်းရက်များတွင် မြန်မာနိုင်ငံအတွင်း မုန်တိုင်းတစ်ခု ဝင်ရောက် တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားသည်။
Su Mon Oo ( Mine )
==============================
မုန္တိုင္းဝင္ေရာက္မည့္ ကာလအတြင္း မီးေရာ ေရပါ ျပတ္ေတာက္ႏိုင္
မိုးသက္ေလျပင္း တိုက္ခတ္ၿပီး သစ္ပင္၊ သစ္ကိုင္းမ်ား လဲက်၊ က်ိဳးၿပိဳက်ျခင္းေၾကာင့္ လွ်ပ္စစ္မီး ျပတ္ေတာက္ပါက ေရေပးေဝမႈလည္း ျပတ္ေတာက္ႏိုင္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ၊ ေရရရွိေရးႏွင့္ ေရေပးေဝေရး လုပ္ငန္းတာဝန္ခံအဖြဲ႕မွ အသိေပး ေၾကညာထားသည္။
ထို႔ေၾကာင့္ ရန္ကုန္ရွိ ၿမိဳ႕နယ္မ်ားအတြင္း ေနထိုင္သူမ်ားအေနျဖင့္ အဆိုပါမုန္တိုင္း မဝင္ေရာက္မီကာလအတြင္း ေသာက္သုံးေရကို လုံေလာက္ေအာင္ ႀကိဳတင္ စုေဆာင္းထားၾကရမည္ ျဖစ္သည္။
ေရရရွိေရးႏွင့္ ေရေပးေဝေရး လုပ္ငန္းတာဝန္ခံအဖြဲ႕အေနျဖင့္ ဂ်ိဳးျဖဴ၊ ေလွာ္ကား၊ ဖူးႀကီး၊ ငမိုးရိပ္ ေရေလွာင္ကန္ႀကီးမ်ား၊ ငမိုးရိပ္ ေရသန႔္စင္စက္႐ုံ၊ လဂြန္းျပင္ ေရသန႔္စင္စက္႐ုံႏွင့္ အဝီစိတြင္းမ်ားမွ လွ်ပ္စစ္ဓာတ္အား အသုံးျပဳ၍ ရန္ကုန္သို႔ ေရေပးေဝလ်က္ ရွိသည္။
မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနမွ ေမလဆန္းရက္မ်ားတြင္ ျမန္မာႏိုင္ငံအတြင္း မုန္တိုင္းတစ္ခု ဝင္ေရာက္ တိုက္ခတ္ႏိုင္ေၾကာင္း ခန႔္မွန္းထားသည္။
Su Mon Oo ( Mine )